အပိုင်း ၃၃(Unicode)

1.4K 66 3
                                    

Unicode

UFLကျောင်းမွေးနေ့ပြီးသွားကတည်းက
ရှင်းပိုင် မမပန်းချီတို့ဆီမရောက်ဖြစ်တာ
အတော်ပင်ကြာခဲ့သည်။ဆယ်တန်းစာ
မေးပွဲနီးနေပြီဖြစ်တာကြောင့်ရယ်တစ်
ယောက်သောသူကိုမေ့မယ်လို့ကြိုးစား
ထားတာကြောင့်ရယ်။

အစ်မပန်းချီတို့ဆီမရောက်ဖြစ်ပေမဲ့ ကြယ်မ
ဆီကတော့ အစ်ကိုအာကာ့သတင်းတွေအ
ကုန်ပြန်ကြားရသည်။ ကောင်မလေးတွေ
တစ်ယောက်ပြီးတစ်ယောက်တွဲနေသည်ဆို
တာကထိပ်ဆုံးကပင်။

တကယ်တမ်းမေ့ပစ်မယ်လို့သာပြောတာ
အခုချိန်ထိတစ်ရက်မှသတိမရတဲ့နေ့ကမရှိ
သေး။ လွမ်းနေပေမဲ့လည်းသွားမတွေ့ချင်
တော့ပါ။ သူနဲ့ကိုယ်ဇာတ်လမ်းကလုံးဝမဖြစ်
နိုင်တဲ့ဇာတ်လမ်းတစ်ပုဒ်မဟုတ်လား။

ဖြောင့်ရာကကွေးတယ်ဆိုတာficတွေ bl
movieတွေထဲမှာရှိသည်လေ။ ရှင်းပိုင်ရဲ့ဘဝ
ကအဲ့လောက်ထိblဇာတ်လမ်းမဆန်ခဲ့။

လွယ်လွယ်နဲ့လက်လျှော့တာလားဆိုတော့
အင်း....လွယ်လွယ်နဲ့လက်လျှော့တယ်ပဲ
ပြောရမှာပေါ့။ လက်ရှိစာမေးပွဲနီးနေတာ
ကြောင့်အဲ့ကိစ္စတွေကိုခေါင်းထဲကခဏထုတ်
ပစ်ချင်သည်။

ပြီးတော့အဲ့ဘဲကအရမ်းတွေအဖြောင့်လွန်ပြီး
ကောင်မလေးချောချောလေးတွေနဲ့ပဲတွဲချင်
နေသည်ဆိုတော့က ကြာတော့အမြင်ကပ်
လာချေပြီ။

အခုတော့သူ့ထိုက်နဲ့သူ့ကံရှိပါစေတော့။
စာမေးပွဲပြီးမှခင်ဗျားကြီးတွေ့မယ်....

ကြည့်ပါလား မတွေးဘူးမေ့ပစ်မယ်လို့ကြုံး
ဝါးနေတဲ့ရှင်းပိုင်လေးဟာ တွက်လက်စ
Physicsစာအုပ်ရှေ့ထိုင်ပြီးငိုင်နေမိသည်မှာ
ဘယ်လောက်ကြာသွားသည်မသိ။စာကျက်
ချိန်တွေတောင်လျော့ကုန်ပြီဖြစ်သည်။

ချီးဘဲ!!!!!
သောက်ကောင်းကျိုးမပေးတဲ့ဘဲကြီး!!!!!!!

ဒီအချိန်ဟာတစ်မိနစ်ဆိုတစ်မိနစ်ရှင်းပိုင်အ
တွက်အရေးကြီးနေသည့်အချိန်ဖြစ်သည်။
ဘာပဲဖြစ်ဖြစ်အမှတ်များများရအောင်လုပ်ပြီး
YUFLဝင်ခွင့်မှီအောင်လုပ်ရမည်လေ။

ဒါမှသူနဲ့နီးစပ်မှာ.......

ရှင်းပိုင်သူ့အတွေးကိုသဘောကျကာပြုံးမိ
ပြန်သည်။

💚FOREVERMORE💚 [ Zg+Uni ] Место, где живут истории. Откройте их для себя