သော်မိုးယံတစ်ယောက်ခန္ဓာကိုယ်လိုက်
ကြီးက ဧည့်ခန်းထဲမှTVရှေ့တွင်ရှိနေပါ
သော်လည်း စိတ်ကဟိုပြေးလိုက် ဒီပြေး
လိုက်ဖြစ်နေသည်။ရုပ်ရှင်ရုံမှာပြဿ နာ
တက်ခဲ့သည့်နေ့ကစပြီးဟန်စစ်နိုင်နဲ့သူ
စကားမပြောဖြစ်တော့တာဒီနေ့နဲ့ဆို
၅ရက်မြောက်နေ့။ဟန်စစ်နိုင်ဘက်ကလည်းစမခေါ်သလို
သူ့ဘက်ကလည်း သူမှားမှန်းသိရက်နဲ့
ဟန်စစ်နိုင်အားသွားမချော့မိ။ စိတ်လျှော့
ပြီးသွားချော့မယ်စိတ်ကူးပြန်တော့လည်း
မာနကလက်မခံ။ဒီလိုနဲ့ ပန်းချီပြောသလိုတကယ်ပဲအပြတ်
ပြတ်နဲ့ နှာခေါင်းသွေးထွက်တော့မှာလား
မပြောတတ်။TVအစီစဉ်တွေသာတစ်ခုပြီးတစ်ခုပြောင်း
သွားတယ်။ ဘာတွေပြလို့ဘယ်လိုပြီးသွား
မှန်းသူမသိ။ထို့နောက်ခုံပေါ်တင်ထားသောဖုန်းကို
ကောက်ယူကာ နံပါတ်တစ်ချို့ကိုနှိပ်လိုက်
သည်။ ဖုန်းမဝင်ခင်မှာပင် end callကိုပြန်
နှိပ်မိသည်။ထပ်ခါထပ်ခါထိုသို့လုပ်နေစဉ်
မှာပင် အိမ်ဖုန်းကမြည်လာသည်။ နံပါတ်
ကြည့်လိုက်တော့ပန်းချီ။ခေါ်စေချင်တဲ့လူမဟုတ်တာကြောင့်နည်း
နည်းတော့ စိတ်ပျက်သွားသည်။"ဘာလဲ"
"လေသံကဘာဖြစ်နေတာလဲ နင်ဟိုကောင့်
ဆီသွားပြီးပြီလား""မသွားရသေးပါဘူးဟာ...."
စိတ်ညစ်စွာငြီးငြူ မိသောသူ့လေသံအဆုံး
ပန်းချီ့ထံမှ ဆဲသံတစ်ချို့ကိုလည်းနားမ
ထောင်ချင်ဘဲကြားလိုက်ရသေးသည်။ဟုတ်သည်။
အမှန်တော့ပန်းချီကသူ့ကိုဟန်စစ်နိုင်အား
သွားချော့စေချင်နေခြင်းပင်ဖြစ်သည်။ပန်းချီပြောတာက ဒီတစ်ခါနင်ကအမှားကြီး
လုပ်လိုက်တာမို့လို့သွားချော့တဲ့ ဟိုကောင်
ကဒီကိစ္စမှာနင့်ကိုလုံးဝပြန်ခေါ်မှာမဟုတ်
လောက်ဘူးတဲ့ ဘာတဲ့...... ရှိသေးတယ်
ဟိုကောင်ကအခုသူ့အခန်းထဲက queen
ကောင်မလေးနဲ့တောင်တတွဲတွဲသွားလာ
နတာကိုတွေ့နေရတယ်တဲ့။ပန်းချီကဆေးထိုးတာလား အတည်ပြော
တာလားသေချာမသိပေမဲ့ ဟန်စစ်နိုင်ဒီ
ရက်ပိုင်းကျောင်းမှာသူ့ဆီရောက်မလာ
တာတော့ အမှန်ပင်။ ကျောင်းမှာတင်မ
ဟုတ် အိမ်လည်းရောက်မလာ။ ဖုန်းလည်း
မဆက်နဲ့ဒီတစ်ခါတော့တကယ် စိတ်ပျက်
သွားပြီထင်ပါသည်။
BẠN ĐANG ĐỌC
💚FOREVERMORE💚 [ Zg+Uni ]
Lãng mạnအချစ်ဆိုသည်မှာ တိုတောင်းတဲ့ အချိန်ကာလလေးအတွင်းမှာပင် ရင်ခုန်ပြီး ထာဝရထက်တစ်ရက်ပို ချစ်တတ်သွားတာမျိုး။ [ Unicode ] အချစ်ဆိုသည်မှာ တိုတောင်းတဲ့ အချိန်ကာလလေးအတွင်းမှာပင် ရင်ခုန်ပြီး ထာဝရထက်တစ်ရက်ပို ချစ်တတ်သွားတာမျိုး။