အပိုင်း ၂၆

1.6K 140 46
                                    

ခြေ​လက်​​ဆေး​ကြောကာအိပ်​ရန်​ပြင်​​နေစဉ်
ထမြည်​လာ​သောဖုန်းသံ။ ​ပြေးမကြည့်​ရင်​​တောင်
ဒီအချိန်​ဆက်​တဲ့လူက ဘယ်​သူဆိုတာသိပြီးသား။

အင်း......ဒီတစ်​ခါ​တော့အခွင့်​​ရေး​ပေးလိုက်​ပါဦး
မည်​​လေ......

"ဟဲလို"

"ယံ....."

ထွက်​လာ​သောအသံပိစိ​ကြောင့်​ ဖုန်းဆက်​သူမှာ
ဟန်​စစ်​နိုင်​ဟုတ်​ရဲ့လားလို့​တောင်​ ​ဖုန်း contact
ကို​သေချာပြန်​ကြည့်​မိသည်​။

အရင်​ကဖုန်းဆက်​ပြီဆိုရင်​ ယံ​ရေသတိရတယ်
လွမ်းတယ်​ ဘာဖြစ်​တယ်​ညာဖြစ်​တယ်​နဲ့။
အခုကျ​တော့လည်းအရင်​က ဟန်​စစ်​နိုင်​မဟုတ်​သည့်​အတိုင်းပင်​။

အေး​ပေါ့​လေ......အပြစ်​လုပ်​ထားသူဆို​တော့လည်း

"ဘာကိစ္စလဲ"

"ယံ.....​နေ့ခင်းက​လေစိတ်​ဆိုးသွားတာလား"

"စိတ်​ဆိုးရ​အောင်​ငါကမိန်းက​လေးလား"

တစ်​ဖက်​မှဟန်​စစ်​နိုင်​၏ သက်​ပြင်းချသံသဲ့သဲ့
ကိုကြားလိုက်​ရသည်​။

ဒီ​လောက်​​လေးနဲ့စိတ်​ကုန်​​နေပြီလား ဟန်​စစ်​နိုင်

သော်​မိုးယံဆိုသည်​မှာလည်းလူတစ်​မျိုးပင်​။
စိတ်​မဆိုးဘူးလားဆို​တော့လည်း မဟုတ်​ စိတ်​ဆိုး
သည်​။ သို့​ပေမဲ့ ဟန်​စစ်​နိုင်​ကစိတ်​ဆိုးလား​မေးရင်
လည်း ဘယ်​​တော့မှ စိတ်​ဆိုးပါတယ်​လို့ ဝန်​မခံ။
ဟန်​စစ်​နိုင်​၏အလိုက်​တသိ​ချော့မှုကိုလိုချင်​သည်။
ဟန်​စစ်​နိုင်​ကအလိုက်​တသိ​ချော့​တော့လည်း
သူကစိတ်​ဆိုးမ​ပြေချင်​။

ဟန်​စစ်​နိုင်​မ​ပြောနဲ့ ​သော်​မိုးယံကိုယ်​တိုင်​​တောင်
သူ့ကိုယ်​သူဘယ်​လိုလူစားမျိုးလဲဆိုတာ မ​တွေး
တတ်​​ချေ။

အင်း​ပေါ့.....​သော်​မိုးယံရဲ့မြုံစိစိလုပ်​ပုံ​တွေကလည်း
တကယ်​စိတ်​ကုန်​ချင်​စရာပဲ​လေ။ ပြီး​တော့သူက
ယောက်ျား​လေးတစ်​​ယောက်​မှတ်​လား။ ဘယ်​သူ
ကအဆုံးထိသည်းခံနိုင်​မှာလဲ။

💚FOREVERMORE💚 [ Zg+Uni ] Tahanan ng mga kuwento. Tumuklas ngayon