အပိုင်း ၇

2.6K 188 19
                                    

"အ့....​သော်​​လေး..."

"ခွပ်​!!"

"အားလားလား..."

အော်​သံ​ကြောင့်​ feelတာလွန်​ပြီး အရှိန်​တက်
လာသည်​ မထင်​လိုက်​နှင့်​။ အတွင်းသားပါ
သွေးထွက်​သည်​အထိ ကိုက်​ချလိုက်​​သော
သော်​​လေး​ကြောင့်​ပင်​။ ထိုမျက်​​မှေး​ကောင်​က
ကိုက်​ရုံတင်​မကဘဲ နှာရိုးတည့်​တည့်​ကိုပင်
လာထိုး​လေသည်​။

မတန်​လိုက်​တာ!!နမ်းရတာဖြင့်​ ခဏ​လေး
သူလုပ်​လိုက်​တာက နှုတ်​ခမ်းလည်း ​သွေး
ွက်​​သေးတယ်​ နှာရိုးလည်း ကျိုးပြီလားမသိ....

ဟန်​စစ်​နိုင်​ သူ့နှာ​ခေါင်း​လေးကို သူအုပ်​ကိုင်​ကာ
သော်​​လေးကို အသနားခံ​သောမျက်​နှာ​လေးဖြင့်
မော့ကြည့်​လိုက်​သည်​။

အားပါးးပါးးး....​သော်​​လေး ဘယ်​တုန်းကမျက်​လုံး
ပြူးသွားသည်​လဲ မသိ။ အရင်​က မျက်​​မှေး​ကောင်
လေးမဟုတ်​​တော့ပါ။ ပြူးလိုက်​တဲ့မျက်​လုံးဆိုတာ..
ကြည့်​ရတာ သူ့စကားကို သိချင်​လွန်း၍ မျက်​လုံး​တွေ အစွမ်းကုန်​ ပြူးထားသည်​လားမသိ....

"​သော်​​လေး.....မင်း ငါ​ပြောမဲ့စကားကို ​တော်​​တော်
သိချင်​​နေပုံပဲ...ကြည့်​စမ်း...မျက်​လုံး​တွေကို ပြူး​နေ
လိုက်​တာ....စိတ်​ချပါ ငါက မင်းမျက်​လုံးမပြူးလာ
တော့ရင်​​တောင်​ ငါမ​သေခင်​​တော့ ​ပြောစရာရှိတဲ့
စကားကို ​ပြောသွားမှာပါ....ဟဲ..ဟဲ"

"ဟန်​စစ်​နိုင်​!!!"

သော်​​လေး၏ high note​ကြောင့်​ ဟန်​စစ်​နိုင်
သူ့နှာ​ခေါင်းကို အုပ်​ထား​သောလက်​​တွေကို
နားဆီသို့ အလျင်​အမြန်​​ရွှေ့လိုက်​ရ​လေသည်​။

ဟန်​စစ်​နိုင်​သိလိုက်​သည်​။ အခုချိန်​မှာ ဆူနာမီ​ဖြစ်
ဖြစ်​ ဟာရီကိန်းဖြစ်​ဖြစ်​ တစ်​ခုခု​သော မုန်​တိုင်း
အ​ခြေအ​နေကျ​ရောက်​​တော့မည်​ ဆိုသည်​ကို
သူ ချက်​ချင်းသိလိုက်​သည်​။

သော်​​လေး၏ မျက်​နှာအ​ခြေအ​နေကလည်း
angry level ​တော်​​တော်​မြင့်​တက်​​နေပြီ
ဖြစ်​​လေသည်​။ မျက်​လုံး​တွေ နီရဲလာကာ
အသက်​ရှူသံ​တွေပါ ပြင်းထန်​လာ၏။
သူလည်း ဘယ်​လိုရှင်းပြ၍ ဘယ်​လိုပြန်​​ချော့
ရမလဲ မသိ​တော့ပါ။

💚FOREVERMORE💚 [ Zg+Uni ] Où les histoires vivent. Découvrez maintenant