အပိုင်း ၂၈

1.7K 126 23
                                    

ဘာလိုလိုနဲ့ ရှင်းပိုင်​ဟိန်းတို့နဲ့​သော်​မိုးယံတို့
ခင်​တာ လနှင့်​ပင်​ချီကြာခဲ့​​လေပြီ။ ပို၍ရင်းနှီးမှု
ရရှိသွားသည်​က သင်္ကြန်​တွင်းအတူတူလည်
လိုက်​ခြင်းပင်​။

သင်္ကြန်​အတူလည်​ပြီးသည့်​​​နောက်​ပိုင်း
တစ်​​ယောက်​အိမ်​တစ်​​ယောက်​လိုက်​လည်
သည့်​အဆင့်​သို့​ရောက်​လာခဲ့​လေသည်​။
သော်​မိုးယံတို့ဘယ်​သွားသွားထိုက​လေး
နှစ်​​ယောက်​အမြဲပါသည်​။ ထိုက​လေးနှစ်
ယောက်​အပြင်​သွားတိုင်းလည်း ​သော်​မိုးယံ
တို့လိုက်​ရစမြဲ။

အပြင်​ကျူရှင်​​တွေမတက်​ချင်​သည့်​ က​လေး
နှစ်​​ယောက်​က အိမ်​မှာပဲ​ခေါ်သင်​မည်​ဟုဆို
လာ​သော​​ကြောင့်​​သော်​မိုးယံတို့ဆယ်​တန်း
တုန်းကဆရာနှင့်​ပင်​ဆက်​သွယ်​​ပေးခဲ့သည်​။
သော်​မိုးယံတို့လမ်းထိပ်​ကစား​သောက်​ဆိုင်
လေးကရှင်းပိုင်​ဟိန်း၏အ​ဒေါ်​တွေဆိုင်​ဟုသိ
ရကာ ထိုအိမ်​မှာပင်​စာ​ခေါ်သင်​​လေသည်​။
ဆရာကလည်းအ​ဝေးကြီးလိုက်​မသင်​နိုင်
သော​​ကြောင့်​ဖြစ်​သည်​။

စာသင်​ချိန်​မှလွဲ၍ ကျန်​သည့်​အချိန်​များတွင်
ပန်းချီ့အိမ်​မှာစု​နေတာများသည်​။ ​သော်​မိုးယံ
တို့ကသင်​တန်းကစာ​တွေလုပ်​ရသလို
ထိုက​လေးနှစ်​​ယောက်​က​လည်း ဆယ်​တန်း
စာအုပ်​တစ်​ပုံတစ်​ပင်​နှင့်​အချိန်​ပြည့်​ပန်းချီ့အိမ်
မှာရှိ​နေတတ်​သည်​။ တစ်​ခါတစ်​​လေထိုက​လေး
နှစ်​​ယောက်​ကို guideပင်​ပြန်​ပြ​ပေးရ​သေး
သည်​။

အချိန်​​တွေကြာလာသည်​နှင့်​အမျှတစ်​​ယောက်
အ​ကြောင်းတစ်​​ယောက်​ပိုသိလာပြီး ရှင်းပိုင်
ဟိန်း၏ခံစားချက်​တစ်​ချို့ကိုလည်း​သော်​မိုးယံ
အနည်းငယ်​​တော့ရိပ်​မိလာသည်​။ သို့​သော်
သော်​မိုးယံထုတ်​မ​မေးဖြစ်​ခဲ့။ဒါမျိုးကအချိန်
အတိုင်းအတာတစ်​ခုအထိ သိုသိုဝှက်​ဝှက်
နေတာပဲ​ကောင်းမည်​မဟုတ်​လား။

ပြီး​တော့ ခံစားချက်​မထားသင့်​သည့်​လူကို
ခံစား​နေမိခြင်း။ ရှင်းပိုင်​ဟိန်းအတွက်​ ​နောက်
ဆုတ်​လို့လည်းမရ ​ရှေ့တိုးလို့လည်းမဖြစ်
သည့်​အ​ခြေအ​နေတစ်​ခု။

💚FOREVERMORE💚 [ Zg+Uni ] Where stories live. Discover now