အပိုင်း ၂၉

1.4K 105 44
                                    

"ညီ​လေး"

ဆေးလိပ်​နံ့​တွေမွှန်​ပြီးစပ်​လာ​သော​ကြောင့်
ဘေစင်​မှာမျက်​နှာသစ်​​နေစဉ်​ကိုယ့်​ကိုရည်
ညွှန်း၍​ခေါ်လိုက်​​သောအသံ။

ဒီအိမ်​မှာညီ​လေးဟု​ခေါ်သည်​မှာအစ်​ကို
အာကာကလွဲပြီး ဘယ်​သူမှမရှိနိုင်​။

"အရမ်းစပ်​သွားလား?? အစ်​ကိုကစရုံ
စတာပါ အဲ့​လောက်​ထိဖြစ်​သွားမယ်
မထင်​ဘူး"

ခင်​ဗျားကစရုံစတာ ကျွန်​​တော်​ကလူမ​သေရုံ
တမယ်​ပဲဗျ ဟုသာ​အော်​​ပြောလိုက်​ချင်​သည်​။

ဟုတ်​တယ်​ ကိုယ့်​ဝမ်းနာကိုယ်​ပဲသိတယ်......

"ဖယ်​​တော့ အိမ်​​ရှေ့သွား​တော့မယ်​"

အ​ရှေ့မှကွယ်​​နေသည့်​ကိုယ်​လုံးကိုတွန်း
ထုတ်​ကာဆို​တော့

"ခဏ​လေးပါ စိတ်​ဆိုးသွားတာလား"

"စိတ်​ဆိုးရ​အောင်​ကျွန်​​တော်​ကမိန်းမလား"

တကယ်​လည်း ဒီလူဘာလုပ်​လုပ်​ရှင်းပိုင်
စိတ်​မဆိုးမိ။ အခုကိစ္စမှာ​တော့စိတ်​တို
သွားတာ​အ​သေချာ။

"စိတ်​ဆိုးရမဲ့အလုပ်​ ရှင်း​လေးမလုပ်
လုပ်​ရင်​ ရှင်း​လေးမဟုတ်​ ဟဲဟဲ....
အင်​!! အဲ့လိုလည်းမဟုတ်​​သေးပါဘူး"

တစ်​​ယောက်​ထဲနဲ့အ​တွေး​ပေါင်းတစ်
သိန်းရှစ်​​သောင်း​လောက်​ဝင်​​နေ​သော
ထိုလူသားအား ရှင်းပိုင်​နာနာ​လေး​​ခေါက်
လိုက်​ချင်​သည်​။

အရပ်​မမှီလို့သာ.....

"ကိုကြီးကရှင်း​လေးကိုပဲအမြဲစိတ်​ဆိုး
အောင်​လုပ်​​နေကျဆို​တော့....version
ပြောင်းရမယ်​ ရှင်း​လေးကိုစိတ်​​ဆိုး
အောင်​တို့ဘာတို့ ကိုကြီးလုပ်​ မလုပ်​ရင်
ကိုကြီးမဟုတ်​ ဟားဟားဟား မိုက်​တယ်​"

အာအိုင်​ပီ ရှင်းပိုင်​ဟိန်း​ရေ.....
မင်းဟာကအရူးလက်​မှတ်​ကိုနိုင်​ငံ
ပေါင်းစုံအသိမှတ်​ပြုရထားတဲ့ဘဲကြီး

ရှင်းပိုင်​ တို​နေသည့်​စိတ်​​တွေ​တောင်
Europeကိုခဏအလည်​ထွက်​သွား​ချေပြီ။

💚FOREVERMORE💚 [ Zg+Uni ] Место, где живут истории. Откройте их для себя