အပိုင်း ၁၀

2.2K 152 5
                                    

"မင်း crush"

"လာပြန်ပြီလား....သူများကိစ္စအရမ်းစပ်စုတာပဲ"

"လုပ်ပါကွာ....မင်းကလဲ"

ဟုဆိုကာ လက်မောင်းကို အတင်းဆွဲလှုပ်
ကာပြောနေသော ဟန်စစ်နိုင်။

သော်လေးမှာလည်း ဟန်စစ်နိုင်ပုံကိုကြည့်
ပြီး ရယ်ချင်စိတ်ကိုထိန်းထားရပေသည်။
ဘယ့်နှယ့်....ကလေးလည်းမဟုတ်သူငယ်
လည်းမဟုတ် လာပြီးဂျီကြနေရတယ်လို့။

"ပြီးရော...ပြီးရော.. အခုအရင် မင်းလက်ကို
ဖယ်လိုက် တကယ်တည်းမှပဲ ကလေးလို
လိုခွေးလိုလိုနဲ့ လာဂျီနေတယ်"

"အဟဲ"

ခွေးနှင့်နှိုင်းလိုက်တာတောင် မျက်နှာပိုးမသေ
သေးသည့် ဟန်စစ်နိုင်ကို သော်လေး စိတ်ပျက်
သလိုတစိချက်ကြည့်လိုက်ပြီး ခေါင်းသာခါနေ
မိသည်။

"ပြီးရော...ပြောပြမယ်"

ပြောပြမယ်လည်းဆိုရော ချက်ချင်းမျက်နှာ
တွေဝင်းပလာပြီး မျက်လုံးတွေတောင် အ
ရောင်တောက်လာသော ဟန်စစ်နိုင်။

တော်တော်လည်းစပ်စုတဲ့အကောင်!!

"သူကကွာ....."

"ဟဲ့!!!....."

သော်လေးအစချီကပင်ရှိသေး သူ့စကားအသံ
နှင့်တစ်ပြိုင်နက်တည်းထွက်လာသည်ကအ
ဖျက်သမားနှစ်ယောက်၏ အသံ။

လုပ်လာပြီ...လုပ်လာပြီ
တကယ့်သာသနာဖျက်တွေ။ ဘဝက ကိုရီး
ယားကားဆန်လိုက်တာ။ ကောင်းခန်းရောက်
မှမီးပျက်တာမျိုး။

"မင်းတို့ကနှစ်ယောက်တည်း လာချိန်းတွေ့
နေတာလား"

သူတို့ဝိုင်းကိုဝင်ထိုင်ကာ ပြောလိုက်သည့်
အာကာ့ရဲ့စကားက ကိုယ့်အတွက် ကြည်နူး
စရာဖြစ်ပေမဲ့ သော်လေးအတွက်ကတော့
ထိုသို့မဟုတ်ခဲ့ချေ။

သြော်...ငါ့နှယ့် တစ်ဖက်သတ်ဆိုတာကလည်း
တခြားလူက သူနဲ့ပတ်သက်ပြီး နောက်လိုက်
သည့်စကားကအစ ကိုယ့်ကိုဘဝင်ခိုက်နေစေ
တာမျိုး.....

"ဖွဲ့...လွဲပါစေ ဖယ်ပါစေ ဒီကောင်နဲ့ချိန်းတွေ့
စရာလား မသကာ ငါ့crushလေးနဲ့ဆိုတော်
သေး.....နော်"

💚FOREVERMORE💚 [ Zg+Uni ] Donde viven las historias. Descúbrelo ahora