ဆာဟီရာ တံခါးဘောင်ကိုမှီရပ်ရင်း မနက်ခင်းနေရာင်ကြောင့် တောက်ပနေတဲ့ မီးဖိုခန်းထဲက သူမ အဖေရဲ့အပေါ်ကို အလင်းတွေဖျာ ကျနေပုံကို ကြည့်နေခဲ့တယ်။ သူမအဖေ ဆာလက်က ကျောက်စားပွဲခုံပေါ် ထိုင်ရင်း ရေဒီယိုစက်ကို တစ်စစီဖြုတ်နေတယ်။ သူမက သူ့အနားရောက်သွားတော့ သူက ထထွက်သွားပြီး နံရံဖြူတွေနဲ့ ဆန့်ကျင်ဘက်ကို အရိပ်ယောင်တစ်ခုလိုပဲ ပျောက်ကွယ်သွားတယ်။
ဆာလက်က သူ့ ပတ်ဝန်းကျင်က လျှပ်စစ်စက်ပစ္စည်းတွေကို ကြည့်ရင်း တအံ့တသြဖြစ်နေခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ် အီရန်တွေရဲ့လက်မှာ အဖမ်းခံရစဉ်က အချိန်ကာလမှာရှိတဲ့ ပစ္စည်းတွေနဲ့ လုံးဝတူမနေတော့ဘူး။ တနေ့ တနေ့ ဒီဟာတွေကို လေ့လာရင်းနဲ့ အချိန်ကုန်တာ များတယ်။ ထောင်ကျနေတုန်းက အရာအားလုံးက အတူတူပဲ။ ထောင်သားအချင်းချင်းပြောပြီးပြောပြန် ဇာတ်လမ်းတွေကိုပဲ တခါမှ မကြားဖူးတဲ့စကားတွေလို ဟန်ဆောင်နားထောင်ခဲ့ကြရပေါ့။ Sahiraက သူ့ကို ပြုံးကြည့်နေခဲ့ရတယ်။ လက်ထဲက အလုပ်တွေနဲ့ဆို သူက ကလေးတစ်ယောက်လို ပြန်ဖြစ်သွားရောပဲ။ ဘေစင်ကို သွားပြီး လက်တွေမှာကပ်နေတဲ့ ဟင်းရွတ်တွေကို ဆေးချလိုက်တယ်။
ဆာလက် အဖမ်းခံရတုန်းက သူမ ငါးနှစ်ပဲ ရှိသေးတယ်။ သူမ အသက် နှစ်ဆယ့်သုံးလောက်ကြတော့ သူ လွတ်လာခဲ့တယ်။ ရှစ်နှစ်ကြာ စစ်ကြီးပြီးတဲ့နောက်မှာ အီရန်နဲ့ အီရတ်ကြား စစ်အကျဉ်းသား လဲလှယ်မှု သုံးကြိမ်လုံးကို သူမနဲ့ အမေတို့ စောင့်ကြည့်နေခဲ့တယ်။ ပြန်လွတ်လာတဲ့ သူတွေကို ဆာလက်နဲ့ တွေ့ခဲ့ဖူးသလား ဆာလက်ကို သိသလား စုံစမ်းကြတယ်။ သိသူ တစ်ယောက်မှတော့ မရှိခဲ့ဘူး။ ၁၉၉၆မှာ သူမရဲ့ အမေ သေတယ်။ ၁၉၉၈ခုနှစ်မှာ Salehပြန်လွတ်ခဲ့တယ်။
အဲ့ဒီဆောင်းတွင်းတုန်းက ဆာဟီရာတစ်ယောက် Baghdadမြို့ရဲ့ Al Nusoorရင်ပြင်မှာ ကားရပ်ပြီး ကားထဲတင် သုံးညအိပ်စောင့်ခဲ့ရတယ်။ နောက်ဆုံး လက်ကျန် စစ်အကျဉ်းသားတွေကို အိမ်ပြန်ပို့တော့မယ်ဆိုတဲ့သတင်းကြောင့်ပေါ့။ ဆာဟီရာက သူမရဲ့ အဖေ လိုင်စင်ဓာတ်ပုံကို အကြီးကြီးချဲ့ပြီး ရွှေရောင်တောက်နေတဲ့ ဘောင်တပ် ယူလာခဲ့တယ်။ သူမကို မမှတ်မိရင်တောင် သူ့အရင်ပုံကို မှတ်မိနိုင်တယ်ဆိုပြီး မျှော်လင့်ချက်နဲ့ပေါ့။ ဆာဟီရာ ကားထဲမှာ ပျင်းပျင်းရိရိ ထိုင်စောင့်တယ်။ အေးလာတော့ လက်တွေကို အင်္ကျီလက်တွေထဲ ဖွက်ပြီးနေတယ်။ တခါတလေ ခဏလောက် အိပ်တယ်။ သူမနိုးလာတော့ လူတွေက သူမကားကို ပုတ်ရင်း ပွတ်တိုက် ဖြတ်ကျော်နေခဲ့တယ်။ ကားက လူအုပ်ကြောင့် ရွေ့ရွေ့သွားတယ်။
YOU ARE READING
Flash Fiction(မြန်မာပြန်)
Short StoryFlash Fiction ဆိုတာက တစ်ထိုင်ထဲ အပြီးဖတ်လို့ရလောက်အောင်တိုတဲ့ ဝတ္ထုတိုလေးတွေပါ။ နိုင်ငံတကာမှာတော့ ရေးကြတယ်။ မြန်မာပြည်မှာ ရေးတာတော့ သိပ်မတွေ့ဖူးဘူး။ သူက ကျနော့်လို စာဖတ်ပျင်းသူတွေ အတွက် ကိုက်တယ်လေ။ အချိန်လဲ အများကြီးမယူဘူး အပျင်းလဲ ပြေတယ်။ အမှန်ကတော့...