ယုကျင်းသည် တစ်ကိုယ်လုံး တုန်လှုပ်စွာဖြင့် ကြောက်ရွံ့နေသော်လည်း ကွဲနေသော ယုချန်အမေ၏ ဓါတ်ပုံအား စားပွဲအောက်ထဲ ခြေဖြင့်ခတ်ထည့်ရန် မမေ့ပေ။ မှန်ကွဲရှထားသော သူမ လက်များကိုလည်း နောက်ကျောသို့ ဖွက်လိုက်ကာ လက်နောက်ပစ်ပုံစံဖြင့် ကျိုးနွံစွာ မတ်တပ်ရပ်လိုက်သည်။
အခန်းထဲ ဝင်လာသော နမ်ထင်းလွီ သည် ရုတ်တရက် အံအားသင့်ကာ ဘာပြောရမှန်းမသိ တဒဂ င်္ကြောင်အန်းသွားသည်။ ရေများစိုရွှဲနေသော စာရွက်စာတမ်းများ တစစီပျံ့ကျဲနေသော ပစ္စည်းများ။ သူ့ အမိန့်မရဘဲ ဘယ်သူမှဝင်ခွင့်မရှိတဲ့ အခန်းထဲမှာလေ ဒါတွေ ဘယ်သူလုပ်တာလဲ။
"ဒါတွေ ဘယ်သူ လုပ်တာလဲ ယုကျင်း "သူ့အမေးသံ အဆုံးမှာ အဖြေက ပြန်မလာ။ခဏလေးအတွင်းနဲ့ ဒီကလေးမ ဘယ်လိုများလုပ်လိုက်တာလဲ။ ထောင်းခနဲ ထွက်လာသော ဒေါသစိတ်တို့က တစ်ကိုယ်လုံး တုန်ယင်နေသော ယုကျင်း ကြောင့် စိတ်ကို လျော့ချလိုက်ရင်း ယုကျင်းအား စေ့စေ့ကြည့်လိုက်သည်။ ခြေထောက်များက တဆတ်ဆတ်တုန်ယင်နေသော်လည်း မျက်နှာပေးက တင်းခံထားကာ ထုံပေပေရုပ်နဲ့ ယုကျင်း ကို မြင်လျှင် နမ်ထင်းလွီ စိတ်တို့လေးလံ သွားရသည်။ ကလေးအရွယ်လေးက ဘယ်လိုများ ဒီလိုအမူအယာရှိနေရတာလဲ။
" ယုကျင်း လိမ်မာတဲ့ကလေးက ကိုယ်လုပ်တာကိုယ် ဝန်ခံရဲရတယ် "
သူ့စကားက ထိရောက်ပုံရသည် ယုကျင်းသည် သူ့အားမော့ကြည့်လာပြီး မျက်လုံးတွင် မျက်ရည်တို့ဝဲလာသည်ကို တွေ့ရသည်။ ယုကျင်းက ရပ်နေရာမှ ဆောင့်ကြောင့်လေး ထိုင်ချလိုက်ပြီး စားပွဲအောက်သို့ လက်လေးထိုးသွင်းပြီး တစ်စုံတစ်ခု ကို ဆွဲထုတ်လိုက်သည်။ ထိုအရာကို မြင်လျှင် သူ အလွန်အံသြသွားရသည်။ ကွဲအက်ကြေမွနေသော ဆန်းရင် ဓါတ်ပုံ။"ဒါ ... ဒါ "
"တမင်လုပ်တာ မဟုတ်ရပါဘူး"
အသံခပ်သေးသေးက ဒေါသထွက်စရာကောင်းလှသော်လည်း သူ စိတ်ထိန်းလိုက်ရင်း ဓါတ်ပုံကို ကောက်ယူလိုက်လျှင် ဓါတ်ပုံပေါ်တွင် သွေးစတို့အား တွေ့လိုက်ရသည်။
"ကျင်းကျင်း သမီး ဒဏ်ရာ ရထားလား "
သူ့ စိုးရိမ်ပြီးရှေ့တစ်လှမ်းတိုးမိလျှင် ယုကျင်း နောက်သို့ဆုတ်သွားရင်း ခေါင်းခါပြလေသည်။ သူက စိတ်မရှည်စွာဖြင့် ယုကျင်းလက်တွေကို ဆွဲယူလိုက်လျှင် အလွန်အမင်းသွေးထွက်ထားဟန်နှင့် ကွဲရှဖြူဖျော့နေသော လက်အစုံအား တွေ့ရသည်။
![](https://img.wattpad.com/cover/161405857-288-k621645.jpg)
YOU ARE READING
မိထွေးရဲ့ သမီး (My stepsister)
Romanceဘဝမှာ ကိုယ့်ဘာသာရိုးရိုးသားသား ရှင်သန်ဖို့ကြိုးစားရင်းက သူများဘဝ ရဲ့ခလုတ်ကန်သင်း တစ်ခု ဖြစ်ဖူးလား။ ဒါမှမဟုတ် ကိုယ့်ပါတ်ဝန်းကျင်က လူတွေက ကိုယ်ဟာ မကောင်းဘူးလို့သတ်မှတ်တာ ခံရဖူးလား ။ ကိုယ်ချစ်ရသူက ကိုယ်ကို ယုတ်မာတတ်တဲ့သူ လို့ အမြဲထင်မြင်နေတာကိုကော...