"ငါ့ ကိုလွှတ်ပါ ငါ မာမီ့ ကိုမေးစရာ ရှိတယ်"
ကျင်းကျင်းကိုချုပ်ထားသဖြင့် ကျင်းကျင်းက အတင်းရုန်းကန်အော်ဟစ်နေသည်။ဝေကျောင်းရန်က သူမအား အတင်းဧည့်ခန်းထဲ ပြန်ဆွဲခေါ်လာရင်း
"ကျင်းကျင်း မာမီ နင့်ကိုရိုက်လိမ့်မယ် သူ နေမကောင်းဘူး လိမ္မာတယ်နော် "
"ငါ့ကို အဲ့လို ခေါ်လာပြီး ပစ်ထားလို့မရဘူးလေ ငါရဲနဲ့တိုင်မယ် "
"ရဲ နဲ့တိုင်မယ် ? "
ဝေကျောင်းရန်သည် ကျင်းယွဲ့စကားကြောင့် အံ့သြပြီး မှင်တက်သွားမိရင်း
"နင် က ရဲ ကို ဘယ်လိုတိုင်ရမလဲ သိလို့လား"
"သိတာပေါ့ ဆရာမတွေသင်ပေးထားတာ"
ကျင်းယွဲ့က ဝေကျောင်းရန် မေးခွန်းကို ခပ်ကြွားကြွားဖြေရင်း အာရုံပြောင်းသွားသည် ။
"ကောင်းပြီလေ ငါ့ ကိုပြောပြကျင်းကျင်း ရဲ ဘယ်လိုတိုင်ရမလဲဆိုတာ "
ဝေကျောင်းရန်က ကျင်းကျင်း စိတ်ပြောင်းရန်မေးလိုက်တော့ ထင်သည့်အတိုင်းပင် သူမလေးက ဂေဟာမှ ဆရာမတွေသင်ကြားပြသထားသမျှပြောပြလေသည်။
"ကျင်းကျင်း မာ့မီ ကို ရဲတိုင်လို့ မရဘူးနော် မာမီက ကျင်းကျင်း နဲ့ ကိုကို့ရဲ့ အမေလေ သူထောင်ကျသွားမှာ မသနားဘူးလား"
ဝေကျောင်းရန် မိမိကိုယ်ကိုယ် ကိုကို ဟုပင်နာမ်စားသုံး၍ ကျင်းကျင်း ကိုနူးညံ့စွာ ဆက်ဆံမိသွားသည်။အဖေ မတူပေမဲ့ ဘာဖြစ်လဲ ဒါသူ့ရဲ့ သွေးသားရင်းခြား ညီမလေးပဲ။အမြဲလိုလျှောက်သွား၍ အဖက်လုပ်ဖော်ပင်မရသော မာမီထက် မျက်နှာစူပုပ်ပုပ်လေး နဲ့ ကျင်းကျင်းက ပို၍မေတ္တာထားစရာကောင်းသည်မဟုတ်လား။သူမလေးက မျက်လုံးပေကလပ်ပေကလပ်ဖြင့် မော့ကြည့်ရင်း
"မာမီ ထောင်ကျသွားရင် ထမင်းကျွေးမဲ့သူ မရှိတော့ဘူးပေါ့"
"အင်းပေါ့ မာမီက သနားစရာကောင်းတယ်မလား"
"မာမီ က သနားစရာမကောင်းပါဘူး ကျင်းကျင်း က သနားစရာကောင်းတာ"
သူမကိုယ်သူမ ငါ လို့ မပြောတော့ပဲ ကျင်းကျင်း ဟု သုံးနှူံးလာသော်လည်း သူမက သနားစရာကောင်းသည်ဟု ပြောနေသဖြင့်
![](https://img.wattpad.com/cover/161405857-288-k621645.jpg)
YOU ARE READING
မိထွေးရဲ့ သမီး (My stepsister)
Romansaဘဝမှာ ကိုယ့်ဘာသာရိုးရိုးသားသား ရှင်သန်ဖို့ကြိုးစားရင်းက သူများဘဝ ရဲ့ခလုတ်ကန်သင်း တစ်ခု ဖြစ်ဖူးလား။ ဒါမှမဟုတ် ကိုယ့်ပါတ်ဝန်းကျင်က လူတွေက ကိုယ်ဟာ မကောင်းဘူးလို့သတ်မှတ်တာ ခံရဖူးလား ။ ကိုယ်ချစ်ရသူက ကိုယ်ကို ယုတ်မာတတ်တဲ့သူ လို့ အမြဲထင်မြင်နေတာကိုကော...