Intro

7.9K 248 2
                                    

"ငြိမ်းချမ်းအိမ် မိဘမဲ့ ဂေဟာ"
ဂေဟာဝင်းအတွင်းရှိ မိဘမဲ့ ကလေးများ ကစားကွင်းတွင် ပျော်ရွှင်စွာ ဆော့ကစားနေကြသည်။ ဂေဟာဝန်ထမ်း ယူနီဖောင်းဝတ်ထားသော ဆရာမတစ်ယောက်သည် ဆော့ကစားနေသော ကလေးများအတွင်း တစ်စုံတစ်ယောက်ကို ရှာဖွေလျှက်ရှိရာမှ အနီးရှိကလေးတစ်ဦးအား
"အားချန် သား ကျင်းယွဲ့ ကို တွေ့မိလား"
ဟုမေးလိုက်သည်။ အမေးခံရသော ကလေးမှ
"ကျင်းယွဲ့ က စာကြည့်တိုက်ထဲမှာရှိလိမ့်မယ် တီချယ် သူတစ်ခါမှ လာမကစားဘူး"
"ကျေးဇူးပဲ အားချန် ကောင်းကောင်းကစားနေနော်။ကျင်းယွဲ့ ကို တီချယ် သွားရှာလိုက်ဦးမယ်"
ဆရာမလေးမှာ စာကြည့်တိုက်ထဲသို့ ဝင်လာသည်။ အလင်းရောင်သိပ်မရှိသော စာကြည့်တိုက်အတွင်း ပိုလင်းသွားစေရန် ဆရာမလေးမှ လိုက်ကာများဆွဲဖွင့်လိုက်ရာ  အခန်းထောင့်တွင် ထိုင်နေသော ၉နှစ်အရွယ် ကလေးမလေးတစ်ယောက်မှ မော့ကြည့်လာသည် ။
"ကျင်းယွဲ့ သမီး စာဖတ်နေတာလား။ လိုက်ကာဘာလို့မဖွင့်တာလဲ မမှောင်ဘူးလား"
ဆရာမလေးမှ ထိုကလေးမလေးအား ချိုချိုသာသာ မေးလိုက်သည်။
" အလင်းရောင်မလိုဘူး။ စဉ်းစားနေတာ "
ပြန်ဖြေသော လေသံက အေးစက်စက်။
"ဘာတွေ စဉ်းစားနေတာလဲ သမီးရဲ့"
"ဘာဖြစ်လို့ ဆရာမက သိချင်တာလဲ "
"-------"
ဆရာမလေးမှာ ရုတ်တရက်ပြောစရာမရှိဖြစ်သွားသည်။ ဤကလေးအကျင့် ကိုက ဒီအတိုင်းပဲမို့ ထူးထွေပြီး စိတ်အနှောက်အယှက်မဖြစ်တော့။ လိုရင်းကိုပဲပြောချလိုက်မိ၏။
"ကျင်းယွဲ့ သမီးလိုချင်တဲ့ ပစ္စည်းတွေသိမ်း သမီး မိသားစုရပြီ "
"လီ မိသားစု လာပြီလား"
ပြန်မေးလိုက်သော အသံလေးက မျှော်လင့်တကြီး။ ဆရာမလေး ဘာပြန်ဖြေရမှန်းမသိ ဖြစ်သွားသည်။ လီ မိသားစု မှ သူဌေးကတော်မှာ ငြိမ်းချမ်းအိမ် မိဘမဲ့ဂေဟာ သို့မကြာခဏလာရောက်လှူဒါန်းလေ့ရှိသည် ။ သူဌေးကတော် လီ မှာ ကျင်းယွဲ့ အားအလွန်ချစ်သည် ။ လွန်ခဲ့သော ခြောက်လခန့်က လီမိသားစုမှာ စင်ကာပူနိုင်ငံသို့ပြောင်းရွေ့အခြေချကြသည်။ နိုင်ငံခြားမသွားခင် ကျင်းယွဲ့ အား လာရောက်တွေ့ဆုံခဲ့ပြီး စင်ကာပူတွင် အခြေကျသည်နှင့် မွေးစားမည်ဖြစ်ကြောင်း ကျင်းယွဲ့ အား ကတိပေးခဲ့ရာ မိဘမဲ့ကလေး တစ်ယောက်အနေဖြင့် လီကတော် အား ကျင်းယွဲ့ မျှော်သည်မှာ မဆန်း။ သို့သော် ယခု လာရောက်ခေါ်ဆောင်သူက လီကတော် မဟုတ်။
"သူဌေးကတော် လီ မဟုတ်ဘူး ကျင်းယွဲ့ "
"မလိုက်ဘူး" ဖြေသံက ပြတ်သားသည်။
"သမီး မလိုက်လို့ မရဘူး။ ကျောင်းအုပ်ဆရာမကြီးက အားလုံးစီစဉ်ပြီးသွားပြီ ကျောင်းထွက်လက်မှတ်ပါလုပ်ပြီးသွားပြီ "
" လီကတော် က လာခေါ်မယ်လို့ ကတိပေးသွားတယ် သမီး စောင့်ချင်တယ် "
ဆရာမလေးမှာ မျက်ရည်ပင် ဝဲလုလုဖြစ်သွားသည်။ထို့ ငြင်ငြင်သာသာအသံဖြင့်
"အခု က သမီးအမေရင်း လာပြန်ခေါ်တာ"
စူးစူးရှရှ မျက်ဝန်းများဖြင့် မော့ကြည့်လိုက်သောကြောင့် ဆရာမလေးမှာ ရုတ်တရက်လန့်သွားရသည်။
"သူက မလိုချင်လို့ သမီးကို သူကိုယ်တိုင် ဒီမှာထားခဲ့တာ "
"သူလည်း မတတ်သာလို့နေမှာပါ သမီးရယ် ခု သူအဆင်ပြေတော့ ချက်ချင်းလာပြန်ခေါ်တယ်မလား "
" ၈ နှစ်တောင် ကြာတာလား"
ထိုတစ်ခွန်းမေးပြီးသည်နဲ့ ကျင်းယွဲ့ က စကားထပ်မပြောတော့ဘဲ သူ့စအုပ်များကို သိမ်းဆည်းနေသည်။ ကျင်းယွီ မေးခွန်း ကို ဆရာမလေးမဖြေနိုင်ပါ။ လွန်ခဲ့သော ၈ နှစ်က တစ်နှစ်အရွယ်သမီးလေးကို မကျွေးမွေးနိုင်တော့လို့ပါဆိုပြီး သူမကိုယ်တိုင် ငိုယို၍ ဂေဟာမှူးထံ အပ်နှံခဲ့သော အမျိုးသမီးသည် ယခုအခါ အဖိုးထိုက်ရတနာများဆင်မြန်းလျက် တန်ဖိုးကြီးကားကိုစီးလျက် သမီးကို လာပြန်ခေါ်သည်တဲ့။
ကျင်းယွီ က သူမ အဆောင်ထဲ ခဏဝင်ပြီး ကျောပိုးအိတ်လေးတစ်လုံးသာ လွယ်၍ ပြန်ထွက်လာသည်။ လက်ထဲတွင် အနီရောင် သိုးမွေး မာဖလာတစ်ထည် ကိုင်ထားသေး၏။ ကျင်းယွီက ဆရာမလေးခေါ်ရာသို့ အေးအေးဆေးဆေးပင် လိုက်လာသည် ။ ကလေးများကစားသောနေရာရောက်တော့ ကလေးများက ဆော့ကစားနေရာမှ ရပ်တန့်ရင်း အားကျသောအကြည့်ဖြင့် ကျင်းယွီ ကိုကြည့်ကြ၏ ။ ကျင်းယွီ မှာ ဘာမှမခံစားရသော မျက်နှာပေးဖြင့် ကစားကွင်းဆီ လျှောက်သွားသဖြင့် ဆရာမလေးဟာ ခေတ္တရပ်စောင့်လိုက်ရသည်။ ကျင်းယွီ ဘယ်သူ့ကိုနှူတ်ဆက်မလို့လဲ သူမှာ သူငယ်ချင်းမရှိပါဘူး ။
ကျင်းယွီ သည် ဒန်းနားတွင် မတ်တပ်ရပ်ရင်း သူမ ကိုငေးနေသော အသက်၁၀ နှစ်ခန့်အရွယ်ရှိ ကောင်လေးဆီ ဦးတည်လျှောက်သွာ့းပီးမှ လက်ထဲရှိ မာဖလာ ကိုကမ်းပေးလိုက်ရင်း  "ဒီမာဖလာက ငါကိုယ်တိုင် လီကတော် ကို လက်ဆောင်ပေးဖို့ ထိုးထားတာ ငါ့ အစားနင် သူ့ကို ပေးပေးပါ "
ထိုကောင်လေးက ကျင်းယွီ လက်ထဲမှ မာဖလာ အား ယောင်ကန်းကန်း နဲ့ လှမ်းယူရင်း  "ကျင်းယွီ  မသွားပါနဲ့ "
"အားချန် ထပ်ပြီးဘယ်သူ့ အနိုင်ကျင့်တာမှ မခံနဲ့တော့"
အားချန် စတင်ငိုကြွေးချိန်မှာ ကျင်းယွီ က တစ်ချက်မှ လှည့်မကြည့်ဘဲ ဆရာမလေးဆီ ပြန်လျှောက်လာသည်။
"သွားလို့ရပြီ "
သူတို့နှစ်ယောက် ဂေဟာရှေ့ရောက်ချိန်တွင် ရုပ်ရှင်မင်းသမီးနှင့်တူသော အသက် ၃၀ ခန့် အမျိုးသမီးတစ်ယောက်မှ ပြေးလာရင်း ကျင်းယွီ အားဖက်လိုက်ရင်း
"သမီး ကျင်းယွီ သမီးလေးကို မာမီ လွမ်းနေတာ " သူမ စတင်ရှိုက်ပြီး ငိုလိုက်ချိန်မှာပဲ
ကျင်းယွီက သူမ လက်ကို ပုတ်ချလိုက်ရင်း
"ဘယ်ကားပေါ်တက်ရမှာလဲ "
ရုပ်ရှင်မင်းသမီးမှာ ငိုနေရင်းတဝက်တပျက်ဖြင့် ရပ်တန့်သွားရင် အရှေ့ရှိ အနီရောင်ကားတစ်စင်း သို့ လက်ညှိုးထိုးပြလိုက်သည်။ ကျင်းယွီ က သူ့အိတ်သူ ပြန်လည်ပြင်ဆင်လွယ်လိုက်ရင်း ကားပေါ်တက်ထိုင်လိုက်သည်။
ဘယ်ဆရာမ ဘယ်ဂေဟာမှူး ကိုမျှ မနှူတ်ဆက်ပေ။
ရုပ်ရှင်မင်းသမီး နှင့် တူသော အမျိုးသမီးမှာ ဆရာမများကို အလောတကြီးနှူတ်ဆက်လိုက်ရင်း ကားပေါ်တက်ကာ ကျင်းယွီ ကို ခေါ်ဆောင်၍ ကားမောင်းထွက်သွားလေသည် ။
ဆရာမလေးမှာ ငေးကြည့်နေပြီးမှ သတိဝင်လာရင်း
"ကျင်းယွီ အဆင်ပြေပါ့မလား သူ့အမေ နဲ့" ဟု ဂေဟာမှူးအားမေးလိုက်သည်။ ဂေဟာမှုးမှာ သက်ပြင်းချလိုက်ရင်း
"အဆင်ပြေသွားမှာပါ သူ့အမေရင်းက လာပြန်ခေါ်တာပဲလေ " ဟုဖြေကြားလိုက်သော်လည်း စိတ်ထဲတွင်တော့ ခဲဆွဲထားသလို လေးလံလျက် ရှိသည်။

ရိုးရင်းဖြူ  @ Roe Rim Phyu

မိထွေးရဲ့ သမီး  (My stepsister)Where stories live. Discover now