အပိုင်း(၁၃) အရူးဆရာဝန်တွေ

1.1K 140 4
                                    


နှစ်ပါတ်လောက် အိမ်မှာ ဆရာဝန်တွေ အခေါက်အ ခါခါ လာအပြီးမှာတော့ ဝေကျောင်းရန် သူမလေးနဲ့ နှစ်ယောက်တည်း တွေ့ဖို့အချိန်ရခဲ့သည်။ ယုကျင်း က ခုတင်ပေါ်တွင် သက်တောင့်သက်တာ ထိုင်နေသည်။ ဝေကျောင်းရန်က သူမ အခုကလေးတင်သောက်ပြီးသည့် လိမ္မော်ရည်ခွက်ကို ခုံပေါ်တင်လိုက်ပြီးမှ အသံကို အနည်းငယ်နှိမ့်ရင်း

"ကျင်းကျင်း  "

သူမက ဘာလဲဆိုသော သဘောနဲ့မေးဆတ်ပြသည်။
ဝေကျောင်းရန် အသံကို တိုးနိုင်သမျှတိုးအောင် နှိမ့်ရင်း

"ကျင်းကျင်း  တကယ်ပဲ ဘာမှမမှတ်မိတာလား " 

"အင်း"
တုန့်ဆိုင်းခြင်းမရှိ ဖြေလာသည်က တစ်လုံးတည်း "အင်း"တဲ့ ။ ဝေကျောင်းရန် စိတ်ပျက်သွားသည်။ ဘာအခက်အခဲပဲပဲရှိရှိ ကျင်းကျင်း ကို သူ ကာကွယ်လိုသည်။ မေ့သွားတယ်။ ဖြစ်နိုင်လို့လား ။ ကစားများနေသလား။

"ကိုကို က မယုံဘူးလား "

သူမက မော့ကြည့်ရင်းမေးသည်။ အဲ့ဒီမျက်ဝန်းတောက်တောက်တွေထဲမှာ သိလိုခြင်းကလွဲရင် ဘာမှမပါပုံရသော်လည်း  သူ့စိတ်တွေက မကြည်။ ဘာပြန်ဖြေရမလဲ သူ မသိ။

"ကိုကို့ ကိုရော မှတ်မိရဲ့လား"

သူ့မေးသံအဆုံးမှာ မထိုးတတ်ထိုးတတ်နဲ့ ကလေးမ မျက်စောင်းက ဒိုင်းခနဲ ရောက်လာသည်။

"နှစ်ပါတ်လုံးလုံး ဒါပဲမေးနေမှာလား "

ကျင်းကျင်းက စိတ်ပျက်လက်ပျက်ပုံဖြင့် အပျင်းဆန့်လိုက်သေးကာ အိပ်ယာပေါ် လှဲချ လူးလွန့်လိုက်သည်။

"ဘယ်နေရာက စ မေ့သွားတာလဲ မဟုတ်ဘူး ဘာတွေမှတ်မိသေးလဲ "

သူအားမလျော့နိုင် ထပ်မေးမိသည်။

"မနက်စာစားဖို့ ကိုကို လာခေါ်တယ် "

"အင်း ပြီးတော့ရော .... "

"ပြီးတော့ ဒယ်ဒီက စားပွဲမှာစားနေတုန်း သွားနားတော့လို့ ပြောတယ်လေ "

"အင်း "

"အဲ့ဒါပဲ ကျင်းကျင်း ပင်ပန်းလို့အိပ်ပျော်သွားတယ်ထင်တယ် ဘာမှမသိတော့ဘူး နိုးလာတော့ ဆေးရုံမှာ "

မိထွေးရဲ့ သမီး  (My stepsister)Where stories live. Discover now