ယုကျင်း မျက်လုံး ဖွင့်လိုက်တော့ နေရောင်ဟာ အခန်းထဲဖြာကျနေတယ်။ မိုးလင်းနေပြီပေါ့။ မနေ့ညက ဖြစ်ခဲ့တာတွေဟာ အိမ်မက်လို ဇဝေဇဝါနဲ့။ ရောက်နေတဲ့ နေရာကို သေချာစဉ်းစားကြည့်တော့ ဂေဟာက အဆောင်လည်း မဟုတ် ဘယ်နေရာကမှန်းမသိတဲ့ ဟိုတယ်ခန်းလည်းမဟုတ်။ သပ်သပ်ရပ်ရပ် နဲ့ အသင့်အတင့်ကျယ်ဝန်းတဲ့ အိပ်ခန်းလေးတစ်ခု။ ညတုန်းက အကျီကို စဉ်းစားမိတော့ ကပြာကယာ ကြည့်မိတယ်။ တခြားဝတ်စုံလဲပေးထားတာသိရတော့ ဂါဝန်လေး သူများယူသွားပြီလား ရုတ်တရက် စိတ်ပူသွားသေးတယ်။ နံရံပေါ်မှာ ချိတ်ပေးထားတဲ့ ဂါဝန်လေးမြင်မှ သက်ပြင်းချနိုင်တယ်။
ယုကျင်း မျက်လုံးလေး တခါပြန်မှိတ်ပြီး ဖြစ်ခဲ့သမျှကို ပြန်စဉ်းစားမိတယ်။ ဒီအိမ်ဟာ သူမကို နွေးနွေးထွေးထွေး မကြိုဆိုကြတာတော့ သေချာတယ်။ မျက်နှာထား ခပ်တည်တည်နဲ့ အဘွားကြီးတစ်ယောက်။ သိသိသာသာကို မလိုလားဟန်ပြတဲ့ မိန်းမတစ်ယောက်။ ပြီးတော့ သူမ နဲ့ ရွယ်တူလောက်ရှိမဲ့ ကောင်မလေး။ သူမ ကို မကျေနပ်တဲ့သူဆိုတာ သူမ အတွက်ရိုးနေခဲ့ပြီ။ ဒါပေမဲ့ ကိုယ်နဲ့ သွေးသားတော်စပ်တယ်ဆိုတဲ့ တစ်ယောက်က မလိုလားပါဘူး လို့ပြောလာတာတော့ စိတ်ကျေနပ်စရာမကောင်းဘူးပေါ့။" ဒေါက်... ဒေါက် "
အခန်းတံခါးခေါက်သံ ဖွဖွလေး ထွက်လာတယ်။ သူမ မျက်လုံးဖွင့်ရင်း အာရုံစိုက်လိုက်တော့
"ကျင်းကျင်း ... ကျင်းကျင်း နိုးပြီလား ? "
အခန်းအပြင်မှ ဝေကျောင်းရန်၏ အသံကခပ်အုပ်အုပ် ထွက်ပေါ်လာသည်။
"နိုးပြီ ကိုကို ဝင်ခဲ့လေ... "
သူမ ပြန်ဖြေရင်း ခုတင်ပေါ်မှ ဆင်းလိုက်ချိန်မှာပင် ဝေကျောင်းရန် က အခန်းထဲဝင်လာရင်း ယုကျင်း အားမျက်နှာသစ် သွားတိုက်ရန် ကူညီပေးလေသည်။ ကျင်းကျင်း သိတတ်စအရွယ်မှာပင် မိမိဝေယျာဝိစ္စ အားလုံး မိမိဘာသာလုပ်တတ်ရန် သင်ယူခဲ့ရပြီး ကိုယ့်ဘာသာလုပ်သည်မှာ အသားကျနေခဲ့ပြီဖြစ်သည် ။သို့သော် တပါတ်အတွင်း ဝေကျောင်းရန် က အစစအရာရာ လိုက်ကူညီပေးသော် တိတ်တဆိတ်ပင်ကျေနပ်စွာ ငြိမ်နေလိုက်သည်။ ဘဝမှာ ပထမဆုံး ဂရုစိုက်ခံရတာမို့ ကျေနပ်ပျော်ရွှင်ရသည် ။ အားလုံးပြီးသွားချိန်တွင် ဝေကျောင်းရန်က ခုတင်ပေါ်ထိုင်လိုက်ရင်း
YOU ARE READING
မိထွေးရဲ့ သမီး (My stepsister)
Romanceဘဝမှာ ကိုယ့်ဘာသာရိုးရိုးသားသား ရှင်သန်ဖို့ကြိုးစားရင်းက သူများဘဝ ရဲ့ခလုတ်ကန်သင်း တစ်ခု ဖြစ်ဖူးလား။ ဒါမှမဟုတ် ကိုယ့်ပါတ်ဝန်းကျင်က လူတွေက ကိုယ်ဟာ မကောင်းဘူးလို့သတ်မှတ်တာ ခံရဖူးလား ။ ကိုယ်ချစ်ရသူက ကိုယ်ကို ယုတ်မာတတ်တဲ့သူ လို့ အမြဲထင်မြင်နေတာကိုကော...