အနီရောင် ကားက လမ်းမပေါ်တွင် တစ်ရိပ်ရိပ်ပြေးလျက်ရှိသည်။ ရုပ်ရှင်မင်းသမီးနဲ့တူသော အမျိုးသမီးက
"ငါ့နာမည်က စုရွှီလန် မဟုတ်သေးဘူး
မကြာခင် ဂုဏ်သတင်းကြီးမားလှပါတဲ့ နမ့် မျိုးရိုး ကိုခံရမှာ ဆိုတော့ နမ့်ရွှီလန် "ကျင့်ယွဲ့က တိတ်တိတ်နေလိုက်သည်။ နမ့်ရွှီလန် သူမ ၏ လှပသော ဆံပင်များကို သပ်တင်လိုက်ရင်း
"မင်း နာမည်က ဘယ်သူလဲ "
"ကျင်းယွဲ့ "
"နာမည်ကြီးက တုံးလိုက်တာ"
ကျင်းယွဲ့ စိတ်ပျက်စွာဖြင့် အမေရင်းဆိုသော အမျိုးသမီးကိုကြည့်လိုက်သည်။ထိုအခါမှ နမ့် ရွှီလန် က
"ဆော်ရီး ငါ မင်းကိုနာမည် လှလှ ပေးခဲ့ရမှာ"
ကျင်းယွဲ့ မတုန့်ပြန်သဖြင့် သူမက စိတ်တိုသွားရင်း
"ငါ အဆင်မပြေလို့ နင့်ကို ခဏအပ်ခဲ့တာ အခုမှလာပြန်ခေါ်တာကို နင်က ငါ့ကို စိတ်ဆိုးနေတာလား ဟေးး ငါက နင့်အမေနော် "
ကျင်းယွဲ့ စကားပြန်မပြောချင်သဖြင့် ခေါင်းကို ပြတင်းဘက်သို့လှည့်လိုက်သည်။ အမေ တဲ့လား။ ကလေးတစ်ယောက်ကို နာမည်တောင် မပေးခဲ့ပဲ မိဘမဲ့ဂေဟာကို ၈ နှစ်ပို့ထားတဲ့အကြောင်းပြန်ပြောပြနေတာဟာ အပြင်မထွက်ခင် ဘေးအိမ်မှာ ပစ္စည်းတစ်ခုခုအပ်ခဲ့တဲ့အတိုင်းပဲ။
"နင် စကားမပြောချင်လဲ ငါ လေကုန်သက်သာတာပေါ့ ငါ့ ကို ဒီနေ့ကစပြီး မာမီ လို့ခေါ် ။ နင့် အဖေ ကို နောက်တစ်ပါတ်နေရင်တွေ့ရမယ်"
အဖေ ။ အဖေဆိုတာက ရှိသေးတာလား။"ဒီကနေ တစ်ခါတည်း လိုအပ်တဲ့ ပစ္စည်းအစုံ အကုန်ဝယ်ပေးမယ် ဒါတွေ မလိုတော့ဘူး လွှင့်ပစ်လိုက်"
ကားမောင်းနေရင်း အရှိန်လျော့လိုက်ကာ ပါးစပ်ကနေ စကားလည်းပြော လက်ကလည်း ကျင်းယွဲ့ ကျောပိုးအိတ်ကို လမ်းဘေးအမှိုက်ပုံး ထဲသို့ ကားထဲမှ လှမ်းပစ်လိုက်သည်။"ဒါ ဘာလုပ်တာလဲ"
ကျင်းယွဲ့ ဒေါသထွက်လွန်းသဖြင့် အသံတွေပါတုန်သွားသည်။ဘာလဲ ဒီမိန်းမ အနိုင်ကျင့်နေတာလား။
YOU ARE READING
မိထွေးရဲ့ သမီး (My stepsister)
Romansaဘဝမှာ ကိုယ့်ဘာသာရိုးရိုးသားသား ရှင်သန်ဖို့ကြိုးစားရင်းက သူများဘဝ ရဲ့ခလုတ်ကန်သင်း တစ်ခု ဖြစ်ဖူးလား။ ဒါမှမဟုတ် ကိုယ့်ပါတ်ဝန်းကျင်က လူတွေက ကိုယ်ဟာ မကောင်းဘူးလို့သတ်မှတ်တာ ခံရဖူးလား ။ ကိုယ်ချစ်ရသူက ကိုယ်ကို ယုတ်မာတတ်တဲ့သူ လို့ အမြဲထင်မြင်နေတာကိုကော...