မာမီ၏ ရွှန်းရွန်းဝေ နှူတ်ဆက်သံကို အခန်းထဲ ဝင်လာသူက အဖက်မလုပ်ပေ။ ထိုသူက အခန်းထဲ ရောက်ရောက်ချင်းပင် အခန်းထဲသို့ တစ်ချက်ဝေ့ကြည့်လိုက်သည်။ သူ့အကြည့်က အခန်းထဲရှိ လူအားလုံးအား စိတ်မသက်မသာဖြစ်စေသည်။ နက်ပြာရောင်အနောက်တိုင်းဝတ်စုံ ပြောင်လဲ့နေသောရှူးဖိနပ် တို့က ပိရိသေသပ်သောမျက်လုံးမျက်လုံး အပိုအလိုမရှိ တိကျသေသပ်စွာ သူ့နေရာသူ ရှိနေသော နှာတံ နှူတ်ခမ်း နဲ့ မေးရိုး တို့က ခန့်ညားသော လူတစ်ယောက်ဖြစ်ကြောင်းပြသနေသည်။ သေချာတာပေါ့ နမ်ဥက္ကဌ သာရုပ်ရည်မချောမောရင် မာမီ့ကို ဘယ်လိုဆွဲဆောင်နိုင်မှာလဲ။
ထို အသက်သုံးဆယ်ကျော်ဟုထင်ရသော လူ၏ မျက်လုံးတို့က တစ်ခန်းလုံးလှည့်လည်ကြည့်နေရာမှ ကျင်းကျင်း မတ်တပ်ရပ်နေရာတွင် ရပ်တန့်သွားသည်။ ကျင်းကျင်းက မူလအခြေအနေအတိုင်း ထမင်းစားပွဲဘေးနား အဝတ်ရုပ်လေးကိုင်ရင်း ရပ်နေတုန်း ကြောက်လန့်ဟန် တစ်စက်မှ မရှိသော မျက်ဝန်းတို့ဖြင့် နမ်ဥက္ကဋ္ဌ အား ပြန်လှန်စိုက်ကြည့်နေခဲ့သည်။
ဝေကျောင်းရန် နမ်ဥက္ကဋ္ဌ ကိုတစ်လှည့် ကျင်းကျင်း ကိုတစ်လှည့် ကြည့်လိုက်မိသည်။ ကျင်းကျင်း က ခေါင်းမာတဲ့အကျင့် ကလွဲရင် မာမီ နဲ့ ဘာတစ်ခုမှ မတူသော်လည်း နမ်ဥက္ကဋ္ဌ နဲ့ယှဉ်လျှင်မူ နမ်ဥက္ကဋ္ဌ အသေးစားလေး ရပ်နေသလိုပင်တူနေခဲ့သည်။ ကျင်းကျင်း သည် သန့်ရှင်းရေး အဒေါ်ကြီးပေးသော ယောကျာင်္းလေးအဝတ်အစားဝတ်ထားပြီး ဆံပင်ရှည်သာမရှိလျှင် ပို၍ပင် ယောကျာင်္းလေး နဲ့တူနေနိုင်ပြီးသား အဖ ဆိုတာ DNA သွားစစ်စရာမလို ကလေးပင်သိနိုင်လောက်အောင် တစ်ရုပ်တည်းဖြစ်သည်။မတူတာ တစ်ခုပဲရှိသည်။ မျက်လုံးလေးပဲ မတူတာ။
"အဟမ်း အဟမ်း" မာမီက ချောင်းဟန့်သံပေးလိုက်သဖြင့် နမ်ဥက္ကဋ္ဌက ကျင်းကျင်း အားစိုက်ကြည့်နေရာမှ မာမီဘက်သို့ လှည့်ကြည့်လိုက်သည်။ မာမီက ချိုသာစွာဖြင့်"မီးလေး ကျင်းကျင်း ဒယ်ဒီ့ ကိုနှူတ်ဆက်လိုက်လေ"
မြတ်စွာဘုရား မီးလေး ဆိုပါကလား ပြီးတော့ သူခေါ်တဲ့အတိုင်း ကျင်းကျင်း လို့ခေါ်နေသေးတယ်။ ကျင်းကျင်း ဖြတ်ခနဲ ပြူံးလိုက်သည်။ ၉နှစ်အရွယ်ကလေး တစ်ယောက်နဲ့ မလိုက်ဖက်စွာ သရော်ပြုံး။ စက္ကန့်ပိုင်းမျှသာ ဖြစ်သော်လည်း အကင်းပါးလွန်းသော နမ်ဥက္ကဋ္ဌ တွေ့မြင်သွားဖို့တော့ လုံလောက်လေသည်။သို့သော် လုံးဝ တုံ့ပြန်မနှူတ်ဆက်ပါ။
ဝေကျောင်းရန်က ဘေးကမနေနိုင်စွာဖြင့်
"ကျင်းကျင်း "ဟု သတိပေးလိုက်မှ
YOU ARE READING
မိထွေးရဲ့ သမီး (My stepsister)
Romantizmဘဝမှာ ကိုယ့်ဘာသာရိုးရိုးသားသား ရှင်သန်ဖို့ကြိုးစားရင်းက သူများဘဝ ရဲ့ခလုတ်ကန်သင်း တစ်ခု ဖြစ်ဖူးလား။ ဒါမှမဟုတ် ကိုယ့်ပါတ်ဝန်းကျင်က လူတွေက ကိုယ်ဟာ မကောင်းဘူးလို့သတ်မှတ်တာ ခံရဖူးလား ။ ကိုယ်ချစ်ရသူက ကိုယ်ကို ယုတ်မာတတ်တဲ့သူ လို့ အမြဲထင်မြင်နေတာကိုကော...