အားလုံး၏ အကြည့်တို့က ယုကျင်း ဆီ ရောက်လာသည်။ ဝေကျောင်းရန် က အခုမှ သတိဝင်လာကာ ကပြာကယာနှင့် ယုကျင်း အားဆွဲထူပေးလေသည်။ လီပေ့စန်း က ရုတ်တရက် ဝမ်းနည်းသောလေသံဖြင့် သူ့လက်ဖမိုးအား နမ်ထင်းလွီ အားပြသရင်း
"အကိုကြီး ဒီမှာ ကြည့်ပါဦး ကျွန်မ ကို ယုကျင်း ကိုက်လိုက်တာ အဟင့် ဟင့် ကျွန်မ က သူ ယုချန်လေးကို ငိုအောင် အနိုင်ကျင့်နေလို့ ဝင်ပြီးဖျန်ဖြေပေးတာကို ကျွန်မ ကို ကိုက်တယ် သူက တကယ် အစိုင်းအရိုင်းပဲ "
"ငါ အရိုင်းအစိုင်း မဟုတ်ဘူး "
ဝေကျောင်းရန် လက်ထဲမှ ယုကျင်းက နာကျင်စွာဖြင့် အသံကုန်ခြစ်အော်လိုက်လျှင် တစ်အိမ်လုံး လန့်ဖြန့်သွားရပြီး နမ်ထင်းလွီ ရင်ခွင်ထဲတွင်ငိုနေသော ယုချန် ပင် လန့်ပြီး အငိုတိတ်သွားလေသည်။
"အရိုင်းအစိုင်း မဟုတ်တဲ့သူက အဲ့လို မအော်ဟစ်ရဘူး ယုကျင်း"
နမ်ထင်းလွီက ယုကျင်းအား စိုက်ကြည့်ကာ ပြောလိုက်ရင်း ယုချန်ကို ချီကာထရပ်လိုက်သည်။သူက
"ယုကျင်း ဒယ်ဒီ စာကြည့်ခန်းထဲမှာ သွားစောင့်နေ ကျောင်းရန် သူ့ကို လိုက်ပို့လိုက် "
နမ်ထင်းလွီက ပြောပြီးတာနဲ့ ယုချန်အား အခန်းပြန်ပို့ရန် ထွက်သွားလျှင် နမ်ထိုက်ရှင်း က
"ဘာလုပ်နေကြတာလဲ ကိုယ့်အလုပ်ကိုယ်သွားလုပ်ကြလေ "
ဟု လီပေ့စန်း နဲ့ စုရွှီလန် အားပြောလိုက်ပြီး ထွက်သွားလေသည်။ လီပေ့စန်း က စုရွှီလန် အားမျက်စောင်းထိုးကာ ထွက်သွားလျှင် စုရွှီလန် မှာ တောက်တချက်ခတ်လိုက်ရင်း
"ယုကျင်း အရိုင်းအစိုင်းမလေး ပြသနာကိုရှာတယ် "
ဟု ရေရွတ်လိုက်သည်။
စာကြည့်ခန်းထဲတွင်
ဝေကျောင်းရန်သည် ယုကျင်း အား ထိုက်စေလိုက်ပြီး"ကျင်းကျင်း ကိုကို ဘာမှာထားလဲ ဘာလို့ရန်ဖြစ်ရတာလဲ "
"စကားမပြောချင်ဘူး ထွက်သွား "
ယုကျင်း၏ တုန့်ပြန်စကားကြောင့် ဝေကျောင်းရန်ဟာ အံ့အားသင့်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။ ကျင်းကျင်း သည် ရောက်ခါစတွင် ထုံပေပေ နဲ့ အနည်းငယ် ကျွတ်ဆတ်ဆတ်နိုင်သော်လည်း သူ နဲ့ဆိုလျှင် လိမ်လိမ်မာမာပင် စကားနားထောင်လေသည်။
YOU ARE READING
မိထွေးရဲ့ သမီး (My stepsister)
Romanceဘဝမှာ ကိုယ့်ဘာသာရိုးရိုးသားသား ရှင်သန်ဖို့ကြိုးစားရင်းက သူများဘဝ ရဲ့ခလုတ်ကန်သင်း တစ်ခု ဖြစ်ဖူးလား။ ဒါမှမဟုတ် ကိုယ့်ပါတ်ဝန်းကျင်က လူတွေက ကိုယ်ဟာ မကောင်းဘူးလို့သတ်မှတ်တာ ခံရဖူးလား ။ ကိုယ်ချစ်ရသူက ကိုယ်ကို ယုတ်မာတတ်တဲ့သူ လို့ အမြဲထင်မြင်နေတာကိုကော...