အခန်း(၆) သူငယ်ချင်းတွေ

1.2K 145 2
                                    

ဒီဂါဝန်လေးကို ယုချန်ကြည့်နေတဲ့ ကာတွန်းကားကနေ ဒယ်ဒီ အိုင်ဒီယာ ရခဲ့တာ။ ဒီဂါဝန် နမူနာထွက်လာတော့ ယုချန် အရမ်းလိုချင်ခဲ့ပေမဲ့ ဒယ်ဒီက တစ်လစောင့်ခိုင်းခဲ့တယ်။ ခုတော့ ဒယ်ဒီရဲ့သမီးအသစ် ကိုယ်ပေါ်မှာ အခန့်သား။ ယုချန် ဘယ်လိုမှ မခံစားနိုင်ဘူး။ ဒယ်ဒီဟာ ယုချန် ကို မချစ်တော့ဘူး ။

"ယုချန် သမီး စိတ်ထိန်းစမ်း"

ဒယ်ဒီဟာ ယုချန် ကို အော်တယ်။ ပြီးတော့ အဲ့ကောင်မလေးနားကနေ ယုချန်ကို တွန်းလိုက်တယ်။

"ယုချန် ဒယ်ဒီ သမီးကို ဘယ်လိုသင်ထားလဲ "

ဒယ်ဒီရဲ့ စကားက ယုချန် ကို ပိုဝမ်းနည်းစေတယ်။ မျက်ရည်က ထိန်းလို့မရအောင် ကျလာတယ် ။ ဘာလို့လဲ ဘာလို့ ဒယ်ဒီ သူ့ကိုပေးလိုက်တာလဲ။ ယုချန် အရမ်းလိုချင်မှန်း သိရက်နဲ့လေ။

ယုချန် စောင့်ဆွဲလိုက်လို့ အဲ့ကောင်မလေး မျက်လုံးတွေပွင့်လာတယ်။

"ရောက်ပြီလား "

အဲ့ကောင်မလေးရဲ့ အသံဟာ ခပ်ရှရှနဲ့အေးစက်စက် ယုချန် မုန်းတယ်။

"နင် ဝတ်ထားတာ ငါ့ အကျီ ... "

"ယုချန် "
ဒယ်ဒီရဲ့ သတိပေးသံက ယုချန် ကို နားမဝင်စေဘူး။

"နင် က ဘယ်သူလဲ "

သူကပဲ ယုချန် ကို ပြန်မေးနေရတယ်ရှိသးတယ် ။

"ယုကျင်း သမီး ဒါက ဒယ်ဒီ သမီး နမ်ယုချန်
သမီးရဲ့အမ "

"ငါ့ မှာ ဘာညီမ မှ မရှိဘူး"

ဒယ်ဒီ ဝင်ပြီးမိတ်ဆက်ပေးနေပေမဲ့ ယုချန် မုန်းလွန်းလို့ အော်ပစ်လိုက်တယ်။

"ငါ လည်း နင် လို အမမျိုး မလိုချင်ဘူး"

"ဘာ ပြောတယ် နင် ကများ "

"ယုချန် ယုကျင်း  တိတ်ကြစမ်း နှစ်ယောက်စလုံး "

ဒယ်ဒီ က အော်လိုက်တယ်။ ဒယ်ဒီက သူ့ေ ခေါင်းကို လက်နဲ့ဖိရင်း

"အမေ ကျွန်တော်နားချင်ပြီ သူတို့ကို နေရာချပေးလိုက်ပါ "

ပြီးမှ ယုချန် ဘက်ကို လှည့်ရင်း

"ယုချန် သမီးအမေ ချွဲဆန်းရင် သာဆို သမီးလို လုပ်မှာမဟုတ်ဘူး သင်ကြားပြီး မသိတတ်တဲ့ ကလေး မဖြစ်စေနဲ့ "

မိထွေးရဲ့ သမီး  (My stepsister)Where stories live. Discover now