ခင်ဗျားက ကျွန်တော်သိပ်လိုချင်ပြီး
ဝယ်ဖို့မတတ်နိုင်တဲ့ ပစ္စည်းလေးလိုပေါ့.....ငေးကြည့်ရုံနဲ့ ကျေနပ်နေရတာ....
ဘယ်သူလာဝယ်သွားမလဲဆိုပြီး
စိုးရိမ်စိတ်နဲ့ ဗျာများနေရတာ.....ပိုင်ဆိုင်သွားတဲ့သူကိုလည်း
မနာလို အားကျနေရတာ.....ဝယ်နိုင်တဲ့သူမရှိအောင် ဈေးကြီးစမ်းပါလို့
အကျင့်ယုတ်စွာနဲ့ ဆုတောင်းနေပါတယ်.....အတ္တသိပ်ကြီးတဲ့ ကျွန်တော့အတွက်
ငေးကြည့်လို့ရအောင် မှန်ဘောင်ထဲမှာပဲ
ဖုန်တက်နေစမ်းပါ ခင်ဗျားရာ.....Han_Me