ကျွန်တော်လေ.....ခင်ဗျားပုံရိပ်ကို အမြဲတွေးပြီး
စိတ်ကူးတွေလည်း ယဉ်ခဲ့ဖူးတယ်....ကျွန်တော့စိတ်ကူးလေးက တကယ်ကိုရိုးရိုးလေး....
ခင်ဗျားလက်ဖဝါးလေးနဲ့ ထပ်တူကျနေတဲ့ ကျွန်တော့လက်ဖဝါးထက်မှာ နွေးထွေးမှုတွေ ထင်ဟပ်စေချင်တယ်....ကျွန်တော့ရှေ့မှာ စာထိုင်ဖတ်နေတဲ့ခင်ဗျားကို
ငေးပြီး သူခိုးလူမိသွားတဲ့အခါကျ ရှက်ပြုံးလေး ပြန်ပြုံးပြချင်တယ်.....ကျွန်တော်ငိုချင်လာတဲ့အခါ ခင်ဗျားပခုံးပေါ်ခေါင်းတင်ငိုပြီး
ခင်ဗျားဆီက ကျောကုန်းလေးပုတ်ပေးတာလေးကို ခံချင်တယ်....ကျွန်တော်ရယ်စရာတွေ လုပ်ပြတဲ့အခါတိုင်း.....
ခင်ဗျာဆီက သဘောတကျရယ်သံလေးတွေ ကြားချင်တယ်.....ပြီးတော့ နေထွက်ချိန်နဲ့ နေဝင်ချိန်လေးကို
ခင်ဗျားလက်ကိုကိုင်လို့ စကားတပြောပြောနဲ့ စောင့်ကြည့်နေချင်တယ်.....ဒါပေမဲ့လည်း တကယ်ဖြစ်လာတဲ့စိတ်ကူးဆိုတာ
လက်တွေ့မှာရှားပါတယ်....ကျွန်တော့စိတ်ကူးတွေက
မခက်ခဲပေမဲ့ ကျွန်တော့ဘေးနား ခင်ဗျားရှိဖို့ကတော့ ခက်ခဲနေတယ်.....Han_Me