ခင်ဗျားက အပြာရောင်ကြိုက်တယ်.....
ကျွန်တော်က အဝါရောင်ကြိုက်တယ်.....ကျွန်တော်ဘာအရောင်ကြိုက်လဲလို့...
ခင်ဗျားမေးတဲ့အခါ ကျွန်တော်ကြိုက်တာ အပြာရောင်လို့ပြန်ဖြေမယ်.....ခင်ဗျားက သူ့ကိုချစ်တယ်.....
ကျွန်တော်က ခင်ဗျားကိုချစ်တယ်...
ကျွန်တော်ချစ်တာ ဘယ်သူလဲလို့ ခင်ဗျားမေးတဲ့အခါ...
ကျွန်တော်ခင်ဗျားကို ချစ်တယ်လို့ ပြန်ဖြေမယ်......အဖြေကိုကြားရတဲ့အခါ အံသြစိတ်နဲ့ ခင်ဗျားမျက်ခုံးလေးတွန့်ချိုးသွားမယ်လို့
ကျွန်တော်ထင်တယ်.......ဒါပေမဲ့ ခက်တော့ခက်တယ်.....
ကျွန်တော်နဲ့ပတ်သတ်ပြီး....ခင်ဗျားက
ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့ဖူးတာလေ...နောက်ဆုံးတော့ စိတ်ကူးတွေနဲ့ပဲ
ကျွန်တော်ရူးခဲ့ရပြန်တာပေါ့....ခင်ဗျားရယ်.....Han_Me