ညှိုးနွမ်းနေတဲ့ ပန်းလေးတစ်ပွင့်ရှိတယ်...
သူမျှော်လင့်တဲ့ နေရောင်ခြည်နွေးနွေးနဲ့ ရေဓာတ်အေးအေးလေးတွေကို ဘယ်တုန်းကမှ မခံစားခဲ့ရလို့ အဲ့လိုဖြစ်နေတာပါတဲ့...
ခြောက်ကပ်ပြီး မလှပတော့တဲ့သူ့ကို
ဥယျာဉ်မှူးကတောင် မလိုချင်တော့ဘူးတဲ့လေ...
ပန်းကလေးကတော့ လှလှပပ ပွင့်ပေးချင်ရှာပါတယ်...
သူ့ကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့တဲ့ ဥယျာဉ်မှူးတစ်ယောက် လိုသလိုအသုံးပြုနိုင်ဖို့ပေါ့...တမြတ်တနိုးကြည့်ချင်ကြည့်...
မြေပေါ်ကိုပဲ ပွင့်လွှာတစ်လွှာချင်း ဖဲ့ခြွေခြွေ..
ကြိုက်သလိုလုပ်လို့ ရပါတယ်တဲ့လေ....ပန်းကလေးဟာ
ဥယျာဉ်မှူးအတွက်သာကြည့်ပြီး ရှင်သန်ခဲ့တာတောင်
အလှတရားတွေမရှိတော့တဲ့ အချိန်ရောက်တော့ ထားခဲ့ခြင်းခံခဲ့ရပါတယ်တဲ့....ဒါပေမဲ့ ပန်းကလေးက အမြဲတမ်းဒီလိုမျိုးဖြေသိမ့်တယ်...
သူရဲ့ဖြစ်တည်မှုကိုတောင် မသိခဲ့တဲ့ ဥယျာဉ်မှူးဟာ
သူ့ကိုထားသွားပါတယ်လို့လေ...ပြီးတော့ သူဟာနောက်ဆုံးအချိန်အထိ
ပန်းခြောက်လေးအနေနဲ့ ရနံ့မွှေးချင်ပါသေးတယ်တဲ့...
တစ်ခါလေးများ ဥယျာဉ်မှူးလှည့်ကြည့်မလားဆိုတဲ့
မျှော်လင့်ချက်မြူမှုန်စလေးနဲ့.....Han_Me