ခင်ဗျားနဲ့ကျွန်တော့ ဆက်ဆံရေးတွေ
ဘယ်အချိန်က စပြတ်တောက်ခဲ့လဲ...တွေးကြည့်တဲ့အခါ
ခင်မင်မှုတွေထက်ပိုလာတဲ့ မြတ်နိုးခြင်းတွေ ဖြစ်တည်လာပြီး
နောက်ပိုင်းကစတယ်.....ရိုးရိုးတန်းတန်းခင်မင်နေတုန်းက ခင်ဗျားနဲ့ လေးငါးရက်ကြာလို့ စကားမပြောဖြစ်လည်း စိတ်ထဲအနေသာကြီးပါပဲ...လုပ်ချင်တာလုပ်မယ်...
ခပ်ပျော်ပျော်ပဲ....ပိုတန်ဖိုးထားမိလာပြီးနောက်ပိုင်း ခင်ဗျားရဲ့ အပြုအမူတစ်ခုချင်းစီတိုင်းမှာ ကျွန်တော် ဝမ်းနည်းတတ်လာတယ်....
ဖာသိဖာသာနေတတ်တဲ့ ခင်ဗျားရဲ့အကျင့်ရယ်...ဂရုစိုက်စေချင်တဲ့
ကျွန်တော့ရဲ့စိတ်ခံစားချက်တွေမှာ...နှစ်ယောက်သားက
တဖြည်းဖြည်းဝေးလာတယ်...ကျွန်တော့ရဲ့တဖက်သတ်ခံစားချက်တွေကြောင့်ပဲ
ခင်ဗျားရော ကျွန်တော်ရော နီးသယောင်နဲ့ ဝေးကွာလာခဲ့တာပေါ့....ကျွန်တော်ကြောင့်ပါပဲ.....
ကျွန်တော့အပြစ်တွေကြောင့်ပါပဲ...ဒါတောင်
ငါ့ကိုမမြင်နိုင်ရကောင်းလားဆိုပြီး....ခင်ဗျားကို ကျွန်တော်ကအပြစ်တင်နေမိသေးတယ်...ခင်ဗျားက မပြောင်းလဲပါဘူး အရင်အတိုင်းပါပဲ....
အရောင်ပြောင်းခဲ့တဲ့ခံစားချက်တွေကတော့
ကျွန်တော့ဆီမှာသာ တဖြည်းဖြည်းတိုးလို့ ........Han_Me
