ချစ်တယ်...ခင်ဗျားရေ...
ကျွန်တော့နှုတ်က ခပ်တိုးတိုးရေရွတ်နေတဲ့စကားသံတွေ ခင်ဗျားမကြားခဲ့ဘူး ထင်ပါရဲ့.....
ကျွန်တော်ရေးတဲ့ ခံစားချက်စာစုလေးတွေ
ခင်ဗျားမဖတ်မိဘူးထင်ပါရဲ့.....ကျွန်တော့ရဲ့တဖက်သတ် နာကျင်မှုအစိုင်အခဲတွေကိုလည်း
ခင်ဗျားမမြင်ခဲ့ဘူး ထင်ပါရဲ့......ကျွန်တော့ရဲ့အောက်ကျို့ခြင်းတွေမှာ ခင်ဗျားမပျော်ဝင်ခဲ့ဘူး
ထင်ပါရဲ့......တိတ်တဆိတ်မြိုသိပ်လိုက်ရခြင်းတွေ.....
လွှဲလိုက်ရတဲ့မြင်ကွင်းတွေနောက်..ခေါင်းလေးစောင်းမိတာနဲ့
ကျွန်တော်ပြုံးမိပါတယ်....ဘယ်တော့မှလက်လှမ်းမမှီနိုင်တဲ့ ခင်ဗျားနှလုံးသားက ကျွန်တော်အတွက် ရေခဲလိုလည်း အေးစက်နေသေးတယ်...
Han_Me