မနေ့ညကမက်တဲ့ အိပ်မက်ထဲမှာ
ခင်ဗျားအပြုံးတွေ သိပ်လှတာပဲ...ခင်ဗျားရှေ့တည့်တည့်ထိုင်ပြီး ငေးကြည့်ခွင့်ရနေတယ်ဆိုကတည်းက အိပ်မက်ဖြစ်မယ်မှန်း ကျွန်တော်သဘောပေါက်လိုက်မိပေမဲ့ ရူးမိုက်စွာပဲ
မနိုးထလိုက်ပါနဲ့လို့ ဆုတောင်းနေခဲ့တယ်တဲ့လေ...တဖြည်းဖြည်းဝါးလာတဲ့ပုံရိပ်တွေ မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားမှာစိုးလို့ ကျွန်တော်အသက်တောင်
ရဲရဲမရှူရဲခဲ့ပါဘူး.....ပွင့်လာခဲ့တဲ့ မျက်လုံးတွေရှေ့ မျက်နှာကျက်တစ်ခုကိုပဲ လှမ်းမြင်နေရတယ်...အဲ့ဒီ့အချိန် ကျွန်တော့ရင်ထဲဟာသွားတယ်...တဆက်တည်းမှာပဲ မွန်းကြပ်လာသေးတယ် ခင်ဗျားရေ....
တိတ်တဆိတ်နဲ့ ရှိုက်ထုတ်လိုက်ရတဲ့ လေပူတွေ ဘယ်လောက်များနေပြီလဲ ခင်ဗျားသိမှာ မဟုတ်ပါဘူး...
ကျွန်တော်လည်း ပြောမပြချင်တော့ဘူး....ဘာလုပ်မှာလဲ ခင်ဗျားကြောင့်
လူတစ်ယောက် နာကျင်နေရတယ်ဆိုတာ သိရရင် ခင်ဗျားစိတ်ထဲဘယ်ကောင်းမှာလဲ...ကျွန်တော် နားလည်တတ်ရမှာပေါ့.....မှားယွင်းခဲ့တာက ခင်ဗျားမဟုတ်ဘဲ
ကျွန်တော်ဖြစ်နေခဲ့တာပဲကိုလေ.....Han_Me
