ကျွန်တော်ခင်ဗျားနဲ့သိခဲ့တာ
အချိန်ကာလအားဖြင့် ကိုးနှစ်.....
ခင်ဗျားကို ချစ်ခဲ့တာ ခြောက်နှစ်.....လူတွေကပြောတယ်....
အချိန်ကြာသွားရင် အရာအားလုံးပြောင်းလဲကုန်မှာတဲ့....သူတို့ပြောတာလည်း မှန်တာပဲ....
ပတ်ဝန်းကျင်တစ်ခုထဲမှာ အတူရှိနေတာတောင်မှ
ကျွန်တော်ခင်ဗျားကို အမြဲငေးကြည့်မနေနိုင်တော့ဘူး....ကျွန်တော့ဘက်ကစပြီး စကားတွေ
လာမပြောနိုင်တော့ဘူး.....ခင်ဗျားလုပ်သမျှ လိုက်ကြည့်နေနိုင်တဲ့အထိ
ကျွန်တော့အချိန်တွေမအားတော့ဘူး.......မပြောင်းလဲတာလည်းရှိသေးတယ်....
ခင်ဗျားကိုချစ်တဲ့စိတ်နဲ့ ခင်ဗျားဆီက ဥပေက္ခာတွေ....
ခြွင်းချက်အနေနဲ့ အချိန်အကြာကြီး ကျွန်တော်နဲ့အတူ
မပြောင်းမလဲရှိနေတုန်းပဲ......ကျွန်တော်ဘာလုပ်ရမလဲ.....
အတိတ်ကိုစွန့်ပြီး ခင်ဗျားမပါတဲ့ အနာဂတ်ကို
လျှောက်လှမ်းရမလား.....ဒါပေမဲ့ ဘယ်တုန်းကမှ မတွဲဖူးခဲ့တဲ့
ခင်ဗျားလက်ကို လွှတ်ချရမှာ
ကျွန်တော့အတွက် အရမ်းခက်ခဲတယ်....စွန့်လွှတ်ချင်မိတဲ့အခါ
ရခဲ့ဖူးတဲ့ ခင်ဗျားအပြုံးတစ်ချို့က
ကျွန်တော့ကိုတားတယ်.....နောက်ဆုတ်လို့မရ.....ရှေ့တိုးဖို့လည်းမဖြစ်နိုင်နဲ့....
ဒီလိုပဲ... ခင်ဗျားနဲ့ကျွန်တော်က အခုထက်ထိ ဝေးကွာမြဲ ဝေးကွာဆဲ.....Han_Me