1

4.6K 391 26
                                    

" လာ...ချာတိတ်...ရှေ့တိုးလာခဲ့ချည်..."

Taehyung ရဲ့ မတိုးလွန်းမကျယ်လွန်းတဲ့
စကားကြောင့် ရှေ့နားက လမ်းမီးတိုင်ပျပျ အောက်နားမှာ ရပ်နေတဲ့ကလေး လေးက တရွေ့ရွေ့န့ဲ Taehyung ဆီ လျှောက်လာသည်။ စိတ်ရှိတိုင်းသာဆိုရင်.......
အခုချက်ချင်း အမှောင်ထဲက ထွက်ပြီး အဲ့ဒီကလေးရဲ့ လည်ပင်းကို ကိုက်ဖောက်ပစ်လိုက်ပြီ။ ဒါပေမယ့်
ဘေးနားက ဖြတ်သွားဖြတ်လာ လုပ်နေတဲ့ လူတစ်ချို့
ကြောင့်သာ Taehyung ခပ်မှောင်မှောင် လမ်းကြားထဲက တိုက်အိမ်ရဲ့နံရံကို အကာအကွယ်ယူကာ  ရပ်ရင်း ကလေးလေး သူ့ဆီ ရောက်လာမယ့် အချိန်ကို
စိတ်ရှည်ရှည်စောင့်နေတာ။ စိတ်ညှို့ဖို့အတွက်
အားသိပ်စိုက်စရာမလိုတဲ့ ကလေးအရွယ်လေးကို ရွေးထားပေမယ့်လည်း သွေးမသောက်ရလို့ အားနည်းနေ
တော့..အလုပ်သိပ်ဖြစ်ပုံမရဘူး။

" သားရေ.....သားငယ်.....Minwoo!!!....."

ကလေးပျောက်သွားလို့ လိုက်ရှာနေတဲ့ အသံ။

" ချာတိတ်....မြန်မြန်လာခဲ့တော့..."

တစ်ဖြည်းဖြည်းနီးလာတဲ့ ကလေး အမေရဲ့
အသံကြောင့် Taehyung အားနည်းနည်းပိုစိုက်ရင်း ကလေးလေးကို သူ့ဆီခေါ်မိသည်။ ဒါပေမယ့်
ရုတ်တရက်ဆိုသလို ကလေးလေးက တစ်စုံတစ်ခုရဲ့ ပယောဂကြောငိ့ သူ့စက်ကွင်းထဲကနေ လွတ်ထွက်သွားသည်။

" F**k!!! ဘယ်ခွေးသူတောင်းစားလုပ်တာလဲ.."

Taehyung ဘယ်သူမှန်း ဘယ်ကမှန်း သိတဲ့ အနှောင့်
အယှက်ကို ခပ်တိုးတိုး ဆဲလိုက်ကာ ကလေးကို
ပြန်ညှို့ဖို့ ကြိုးစားပေမယ့်လည်း အချိန်ကိုက်ကို
ကလေးအမေရောက်လာသည်။

" သားငယ်...ဒီမှာဘာလုပ်နေတာလဲ.."

ကလေးလေးလက်ကို ဆွဲရင်း သူ့ဘက်ကို မသင်္ကာသလို တစ်ချက်လှမ်းကြည့် လာသည်မို့ အပြင်ကနေ
မမြင်ရတာ သိပေမယ့်လည်း
Taehyung အမှောင်ထဲကိုပိုတိုးဝင်ရင်း ပုန်းလိုက်မိ
သည်။ ဒီအချိန်မှာ အစွယ်တဖွေးဖွေးနဲ့ သူ့ရုပ်ကိုသာ မတော်တဆပဲဖြစ်ဖြစ်မြင်သွားရင် ပြဿနာတွေ
တက်လာနိုင်သည်လေ။

ခြေသံတွေ တစ်ဖြည်းဖြည်းဝေးသွားကာမှ Taehyung
အသက်ဝဝရှူလိုက်ရင်း ခုနက လာမွှေသွားတဲ့
ဂြိုလ်ကောင်ကို အပြင်ခေါ်ထုတ်လိုက်သည်။

CycloneTempat cerita menjadi hidup. Temukan sekarang