* သွားကြည့်လိုက်ရမလား *
* မသွားတာပဲကောင်းတယ် သွားပြီး ဘာလုပ်ရမှာလဲ *
Sofa ပေါ်မှာ အိမ်အတွင်းဘက်ခြမ်းကိုမျက်နှာမူကာ
ထိုင်ရင်း Taehyung ဒီမေးခွန်းကို ကိုယ့်ကိုယ်ကို
မေးနေတာအခောက်ပောင်းမနည်းတော့ဘူး။
အခေါက်တိုင်းလည်း သွားပြီး ဘာလုပ်ရမလဲ ဆိုတာနဲ့ အဆုံးသတ်သွားမြဲပင်။တစ်ရက်တည်းနဲ့ တိတ်ဆိတ်ခြောက်ကပ်သွားတဲ့
အိမ်ကြီးကို တစ်ချက်ဝှေ့ကြည့်ရင်း Taehyung
သက်ပြင်းချလိုက်မိသည်။ မနေ့ကတည်းက
* သွားတော့မယ် *ဆိုတာကလွဲရင် အပိုပြောမသွားပဲ
ပြန်သွားတာ တစ်ချက်တောင် လှည့်မကြည့်ပါချေ။ Hoseok hyungကပဲ လှည့်မကြည့်ခဲ့တာလား သူကပဲ မမြင်ချင်ယောင်ဆောင်နေခဲ့တာလား???ဘယ်လိုပဲဖြစ်ဖြစ် အခုလောလောဆယ်တော့ သူ
အနောက်ဘက်က သစ်တောကို အရမ်းသွားကြည့်
ချင်နေမိသည်။ မနေ့တစ်နေ့လုံး ဘာမှမဖြစ်ပဲ
အေးဆေးနေခဲ့သလောက် ဒီနေ့ကျမှ သူ ဘာတွေ
ဖြစ်နေမှန်းမသိ။* အေးလေ ဒီတိုင်းသွားကြည့်တာပဲ ဘာဖြစ်လဲ
ဘယ်သူ့ဂရုစိုက်ရမှာလဲ *ဆုံးဖြတ်ချက်နဲ့အတူ ထရပ်လိုက်ကာ အိမ်အနောက်
ဘက်ကို ခပ်သွက်သွက်လှမ်းမိတယ်။ ထမင်းစားခန်းကို
ကျော်လွန်ပြီးတော့မှ...မျက်စိရှေ့တင် မြင်နေရတဲ့
အနီရောင်ဆေးနဲ့ တံခါးကို ဆွဲဖွင့်လိုက်သည်။တံခားဖွင့်ဖွင့်ခြင်း မျက်နှာကို ခပ်ဖြေးဖြေးဖြတ်တိုက်သွားတဲ့ လေနုနုလေးဟာ Taehyung ကို အနည်းငယ်
ဘဝင်ကျသွားစေသည်။ ကောင်းကင်ကို တစ်ချက်
မော့ကြည့်လိုက်တော့ အပြာရောင်ကောင်းကင်ဟာ
အဖြူရောင်တိမ်လေးတွေ ဟိုတစ်စ ဒီတစ်စနဲ့ လှပ
နေသည်။ ညနေခင်းဖြစ်တဲ့အလျှောက် ပူမနေတော့တဲ့ နေရောင်လေးဟာလည်း အပြင်ထွက်ဖို့တွန်းအား
ပေးနေတယ်။ကြည်လင်နေတဲ့ စိတ်နဲ့အတူ Taehyung အိမ်ထဲက
နေ ထွက်လိုက်ကာ တံခါးကိုပြန်ပိတ်လိုက်ရင်း
ခြေလှမ်းတွေက ခြံစည်းရိုး တစ်ခုသာခြားထားတဲ့
တောအုပ်ကြီးဆီ။ အောက်ကိုငုံ့ကြည့်မိတော့ မိုးရာသီ
မဟုတ်တဲ့အတွက် ခြေမျက်စိလောက်သာ အမြင့်ရှိတဲ့
မြက်ပင်လေးတွေက အစိမ်းရောင်သန်းမနေပေ။
ခြောက်သွေ့ကာ အညိုရောင်ပြောင်းနေတဲ့ ထိုမြက်ပင်
တွေဟာလည်း စိတ်ကိုတစ်မျိုးတစ်မည်ခံစားရ
စေတယ်။

BINABASA MO ANG
Cyclone
FanfictionA love story between Vampire and Weather Controller Warning ❌ 8.12.18