13

2.3K 250 60
                                    

/ Unicode /

ပြတင်းပေါက်မှာ ခပ်လျှောလျှောမှီကာ Hoseok
အပြင်ဘက်ကို ငေးရင်း ဟိုဟို ဒီဒီ ကြည့်နေမိသည်။
နဂိုကတည်းက တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်ဟာ
နေ့လည်ဘက်ဖြစ်တာကြောင့် ပိုပြီး ငြိမ်သက်နေကာ
ကျေးငှက်တစ်ချို့ အော်သံရယ် လေတိုးသံ သဲ့သဲ့
ရယ်ကလွဲရင် တခြားဘာကိုမှမကြားရဘူး ။ 
မျက်စိရှေ့မှာ ရှိနေတဲ့ သစ်ပင်တွေဆီက သစ်ရွက်
တစ်ချို့ လှုပ်ခတ်နေတာကို ကြည့်ရင်း Hoseok
သတိတရနဲ့ အခန်းထဲကို လှည့်ကြည့်လိုက်သည်။
ကုတင်ပေါ်မှာတော့ အသက်ရှုသံမှန်မှန်လေးနဲ့
အိပ်ပျော်နေတဲ့ Taehyung ဟာ ငြိမ်ငြိမ်
သက်သက်။ Taehyung ဒီလို အိပ်တာကို သူ
ခဏခဏ မြင်နေရပေမယ့် ဘာမှတော့ အမေး
မခံရသေးဘူး ။ နိုးလာရင် တစ်ယောက်တည်း
စဥ်းစားသလို ငြိမ်ငြိမ်သက်သက် ရှိနေတာကလွဲရင်
တခြားဘာမှ မပြောတဲ့ အတွက် သူ နည်းနည်း
တော့ ဘဝင်မကျ ဖြစ်မိတယ် ။ သူကတော့ ဖြစ်
နိုင်ရင် Taehyungရဲ့ စိတ်ထဲကို ဝင်ကြည့်ချင်
တော့တာပဲ ။ ဘာတွေကို မြင်ပြီးလို့ ဘယ်
အခြေအနေအထိ သိနေပြီလဲ လို့ ။

" Hoseok စကားပြောလို့ အဆင်ပြေလား "

Taehyung ကို ကြည့်ကာ ဟိုဟိုဒီဒီတွေးနေတုန်း
လက်ဖျောက်တီးသံ တစ်ချက်နဲ့ အတူ ပေါ်လာတဲ့
Yoongi hyung ရဲ့ ခပ်တိုးတိုးစကားသံ ။

" ပြေတယ် hyung ပြော "

" မင်း အစ်ကို ပြဿနာရှာလိုက်ပြန်ပြီ "

Seokjin hyung က???

" ဘာဖြစ်လို့လဲ hyung "

" သူ Namjoon နဲ့ တွဲနေတာ မင်းသိလား "

" ဟင်?? တွဲနေကြတာလား ကျွန်တော် မသိဘူး
hyung "

" အေး တွဲနေတာ ၅ လလောက်ရှိပြီ "

" ၅ လတောင်?? "

Yoongi hyung ကို တအံ့တသြပြန်မေးရင်းနဲ့
Hoseok ရဲ့ အတွေးတို့က Seokjin hyung တို့ဆီ
ချက်ချင်းရောက်သွားတယ် ။ hyung တို့
နှစ်ယောက်သား ရင်းရင်းနှီးနှီးနဲ့ တွဲသွား တွဲလာ
လုပ်နေတာကို တွေ့နေတာတော့နည်းနည်းကြာပြီ ။
အဲ့ဒါက သူ Taehyung ဆီ မရောက်ခင် အထိ
ထူးထူးခြားခြား မပြောင်းလဲတဲ့အတွက် Hoseok
လည်း ဘာမှသံသယမဝင်မိတာ ။ အခုတော့
တွဲနေတာ ၅ လတောင် ရှိပြီတဲ့ ။ ဒါနဲ့ Seokjin
hyung  Namjoon နဲ့ တွဲနေတာ ဘာပြဿနာ
ရှိနေလို့လဲ ။ အရွယ်ရောက်ပြီးသား လူနှစ်ယောက်
တွဲတာပဲ မဟုတ်ဘူးလား ။

CycloneTempat cerita menjadi hidup. Temukan sekarang