" Taehyung~~~မင်း ဒီအိမ်မှာနေတာကြာပြီလား! "
Hoseok အမေးကို Taehyung က ဦးတည်ချက်မရှိ
လမ်းလျှောက်နေရာကနေ စောင်းကြည့်တယ်။" ကြာပြီ!! ကျွန်တော့် တစ်သက်! "
တစ်သက်??????? ထိုစကားကြောင့် Hoseok နည်း
နည်း အ့ံသြသွားသည်။ ဆိုလိုတာ Taehyung က...
ဒီအိမ်က တစ်ခါမှ ထွက်မသွားခဲ့ဖူးဘူးလား!
ဒါပေမယ့် Miyar ပြောခဲ့တာက........." Arrrrr!! ကျွတ်စ်! စောက်ကျိုးနဲ မေ့နေတာ..."
Taehyung ရဲ့ ဒေါသတကြီး အော်သံ ကြောင့် Hoseok လန့်ဖြန့်သွားကာ အတွေးတွေက လက်ရှိကို
ပြန်ရောက်လာသည်။" ဒီနေ့ဆို ဆိုင်မှာ အသားတွေမရှိလောက်တော့ဘူး! ကျွတ်စ်! သတိပေးပာလို့ပြောထားတာကို! လာ
ဆိုင်ကိုမြန်မြန် သွားမယ် "" အသား?? ဆိုင်?? ဘာတွေ~~~~"
ဘာတွေပြောသွားမှန်း နားမလည်လို့ မေးမယ်ပြင်တုန်း
ရှိသေး Taehyung က သူ့အနားကနေ လှစ်ခနဲ
ပျောက်သွားပြီ။" စိတ်မြန်လက်မြန် အကျင့်ကလည်း မပျောက်သေး
ဘူး~~~"Hoseok ခေါင်းသာ အသာခါမိရင်း ခန္ဓာကိုယ်
တစ်ဝိုက်နားက လေထုကို စိတ်နဲ့ ထိန်းချုပ်ကာ Taehyung နောက် အမှီလိုက်ရတော့သည်။°°°°°°°°°°°°°°°°°
" ဒါမင်းဆိုင်လား~~Taehyung "
ညဘက်အချိန်မို့ လူမရှိတဲ့ စားသောက်ဆိုင်
အတွင်းကို Hoseok တစ်ချက်ဝှေ့ကြည့်လိုက်သည်။
အမှန်တော့ ဟိုး...အရင်တုန်းက ဒီဆိုင်ကို Hoseok
မကြာခဏရောက်ဖူးတယ်...Taehyung နဲ့..........။
အဲ့ဒီ့တုန်းက ဆိုင်ရှင်ဟာ ဖြူဖြူနုနု နဲ့ Vampire
တစ်ကောင်ပဲ။" မြင်ရုံနဲ့မသိဘူးလား "
Hoseok အမေးကို Taehyung က ခေါင်းညွှတ်နှုတ်
ဆက်နေတဲ့ အလုပ်သမားတွေကို ပြန်နှုတ်ဆက်ကာ တုံးတိပဲဖြေသည်။ * ယဉ်ကျေးမှုမရှိလိုက်ပုံက...*Hoseok စိတ်ထဲကနေသာ တွေးမိရင်း တစ်နေရာကို
ဦးတည်သွားနေနဲ့ Taehyung နောက်ကနေ အေးဆေးလိုက်ရင်း ဆိုင်ထဲကိုနောက်တစ်ခါ ထပ်ကြည့်မိတယ်။မြို့အပြင်ဘက်က Taehyung အိမ်ကနေ မြို့ထဲဘက်
ကိုလာရင်း 5 မိနစ်လောက် အကြာမှာ
ရောက်ရှိလာတဲ့ စားသောက်ဆိုင်။ လူသားတွေ
အတွက်ဆို နာရီနဲ့ချီပြီးလည်း ကြာချင်ကြာလိမ့်မှာပေါ့
လေ။ တစ်နည်း ပြောရရင်တော့ မြို့ရဲ့ အစွန်အဖျားပိုင်းမှာ တည်ရှိနေတာ။

YOU ARE READING
Cyclone
FanfictionA love story between Vampire and Weather Controller Warning ❌ 8.12.18