နှာခေါင်းထဲတိုး၀င်လာတဲ့ အသားကင်အနံ့ကြောင့်
Hoseok အိပ်နေရာကနေ ချက်ချင်း မျက်လုံး
ပွင့်လာကာ ဆတ်ခနဲ ထထိုင်မိသွားတယ်။
ဘေးကို မျက်လုံးကစားလိုက်တော့ သူအိပ်နေတာက
Taehyung ရဲ့ အိပ်ယာပေါ်မှာ။ ပြတင်းပေါက်ကနေ ဖြာကျနေတဲ့ နေရောင်ခြည် ခပ်ဖျော့ဖျော့လေးကို
ကြည့်ခြင်းဖြင့် မိုးလင်းနေပေမယ့် အရမ်း
နောက်မကျသေးကြောင်း သိလိုက်ရသည်။ဂွီ~~~~~
ရုတ်တရက် ထပြီး အသံပေးနေတဲ့ ဗိုက်ကို ငုံ့ကြည့်လိုက်ပြီးမှ Hoseok ကုတင်ပေါ်ကနေဆင်းလိုက်
တယ်။" အေးပါကွာ အောက်ရောက်အောင် ဆင်းပါရ
စေဦး "ပြောရင်းနဲ့ ဗိုက်ကိုပွတ်ကာ Hoseok တစ်စုံတစ်ခုကို
စဥ်းစားမိသွားတယ်။ အသားကင်နံ့။ မဟုတ်မှ.....။ Taehyung များ လုပ်ပေးနေတာလား။ အတွေးနဲ့တင် ပိုပြီး ဗိုက်ဆာလာတာကြောင့် Hoseok
အောင်ထပ်ကို မြန်မြန်ဆင်းလာလိုက်တယ်။
လှေကားကနေ အောက်တစ်ထစ်ဆင်းလိုက်တိုင်း ပိုပိုပြီး ပီပြင်လာတဲ့ အနံ့ကြောင့် လူက လျှာသပ်ရင်း
တံတွေးပါ အလိုလို မျိုချမိလေသည်။ထမင်းစားခန်းထဲရောက်တော့ မြင်လိုက်ရတာက
သူထင်တဲ့အတိုင်း အသားကင်ရင်း အလုပ်ရှုပ်နေတဲ့
Taehyung ။" နိုးပြီလား ခဏလေး ထိုင်စောင့်ဦး ရတော့မှာ "
လှည့်မကြည့်ပဲနဲ့ ပြောလာတာက သူရောက်လာတာ
ကို သိနေတဲ့ပုံစံနဲ့။ မွှေးလွန်းမက မွှေးနေတဲ့ အနံ့
ကြောင့် ဘယ်လိုများ လုပ်နေသလဲ လို့ သိချင်လာကာ အနားကို သွားကြည့်တော့ Taehyung သုံး
နေတာက အသားကင်စက်မဟုတ်ဘူး။" အသားကင်စက်နဲ့ဆိုရင် ပိုမသက်သာဘူးလား "
သူ့ အမေးကို မဖြေခင် Taehyung က သံဇကာ
ပေါ်က တုတ်ထိုးထားတဲ့ အသားချောင်းတွေကို
အထက်အောက်လှန်လိုက်တဲ့အပြင် အရသာအမှုန့်တွေပါ ဖြူးလိုက်သေးသည်။" ဒီနည်းနဲ့ အသားကင်ရင် ပိုစားကောင်းတယ် လို့
ပြောတယ် "" ဘယ်သူကလဲ "
" ဆိုင်က စားဖိုမှူး "
ဒီစကားကြောင့် Hoseok သဘောကျစွာနဲ့ ပြုံးမိ
သွားတယ်။ အရသာရှိရှိစားစေချင်လို့ ဒီလိုနည်းနဲ့
မနက်စာပြင်ကျွေးတယ်ပေါ့လေ။

YOU ARE READING
Cyclone
FanfictionA love story between Vampire and Weather Controller Warning ❌ 8.12.18