6

2.6K 317 38
                                    

" Miyar!!! Taehyung ကို ပြန်ပေး~~~~ "

Hoseok လေထုကိုထိန်းချုပ်ရင်း သော့ခတ်ထားတဲ့
နှစ်ထပ် အိမ်ကြီးရဲ့ ခြံတံခါးကို ကျော်ဝင်ဖို့လုပ်တော့
တစ်စုံတစ်ခုရဲ့ တွန်းခြင်းကို ခံလိုက်ရပြီး မြေပြင်ပေါ်
ပြန်ပြုတ်ကျသွားပြန်သည်။

" တော်တော်လည်း ဇွဲကြီးတာပဲ အဟက်! "

လှောင်သလိုလို ခနဲ့သလိုလို အသံနဲ့အတူ ခြံထဲက
တစ်လှမ်းချင်း လှမ်းလာနေတဲ့ မိန်းမ။

" ဘယ်နှယ့်လဲ Jung Hoseok! အချစ်ဆုံးလူကို
ဆုံးရှုံးရတဲ့ ခံစားချက်! တော်တော်မှ နာကျင်ရဲ့လား "

" ကျွန်တော် တောင်းပန်ပါတယ် Miyar! ကျေးဇူးပြုပြီး
Taehyung ကို ပြန်ပေးပါ "

အိမ်ပြန်ရောက်ရောက်ချင်း Taehyung ကို မတွေ့
သည်မို့ ဒီအိမ်မှာများ ရှိနေမလားဆိုတဲ့ စိတ်နဲ့
လိုက်လာခဲ့တာ။ ရှိမှန်းသိရက်နဲ့ တွေ့ခွင့်မရတဲ့
ခံစားချက်ဟာ အရမ်းကို နာကျင်ရတယ်။

" Taehyung ကို မင်းနဲ့ အဝေးဆုံးကို ပို့လိုက်ပြီ "

ခါးသီးနာကျင်မှုတွေ ပျော်ဝင်နေတဲ့ သူမ အသံဟာ
Hoseok ကို အစွမ်းကုန်ရက်စက်တော့မလိုပဲ။

" မဟုတ်ဘူး! ခင်ဗျားပို့ရင်တောင် Taehyung က
သွားမှာမဟုတ်ဘူး! Miyar ကျွန်တော်
တောင်းပန်ပါတယ် ကျေးဇူးပြုပြီး "

" ဒါပေါ့~~သူက မသွားဘူးလေ! Taehyung က
မင်းကို အရမ်းချစ်တာ Jung Hoseok ရဲ့! အဲ့တော့ ငါ
သူ့မှတ်ဉာဏ်တွေကိုဖျောက်လိုက်တယ် "

မှတ်ဉာဏ်ဖျောက်လိုက်တယ်!! မပိုင်မနိုင်ဆုပ်ကိုင်
ထားတဲ့မျှော်လင့်ချက်ဟာ သူမရဲ့ မျက်နှာက အပြုံး
အောက်မှာ အကုန်လွင့်ပျောက်သွားသည်။
သူမ လိမ်နေတာမဟုတ်ဘူး ဆိုတာ သိလိုက်တဲ့အခါ
ဝမ်းနည်းခြင်းက ရင်ထဲကို စို့တက်လာတယ်။
ငါတို့ တကယ်ဝေးပြီ ထင်တယ် Taehyung......

" Taehyung ကို ထပ်လာမရှာနဲ့တော့! မင်းရှာလည်း
သူ့ကို တွေ့မှာ မဟုတ်ဘူး! တွေ့ရင်တောင် သူမင်းကို
မှတ်မိမှာမဟုတ်ဘူး! "

လှည့်ထွက်သွားတဲ့ သူမ နောက်ကျောကို ကြည့်ရင်း
Hoseok နားထဲ သူမပြောခဲ့တဲ့ စကားတွေသာ
ထပ်တလဲလဲ ကြားယောင်နေတယ်။ နောက်ဆုံး အိမ်ထဲဝင်သွားကာ တံခါးပါပိတ်သွားတဲ့ မြင်ကွင်းနဲ့အတူ Hoseokရဲ့ အမြင်အာရုံတွေ အမှောင်ကျသွားခဲ့သည်။

CycloneWhere stories live. Discover now