10

2.4K 280 31
                                    

" သူ အိပ်သွားပြီ ထင်တယ် "

" သွားကြရအောင် ၊ ငါတို့လည်း အနားယူသင့်ပြီ "

တစ်ဖြည်းဖြည်းဝေးသွားတဲ့ ခြေသံတွေနဲ့အတူ တံခါးကို
ခပ်ဖြည်းဖြည်းဆွဲပိတ်သွားပြီး အပြင်က သော့ခတ်
လိုက်တဲ့ အသံကိုပါ ကြားရတော့မှ Taehyung အိပ်
နေရာကနေ အမြန်ထကာ လျှာအောက်ထဲ လိပ်ထည့်
ထားတဲ့ ဆေးလုံးတွေကို ထွေးထုတ်ပစ်လိုက်သည်။
အရင်နေ့တွေမှာ ဆတ်ခနဲ ဖြစ်ပြီး သတိမေ့သလိုလို
ဖြစ်သွားကတည်းက သူ ဒီဆေးတွေကို သံသယဝင်
နေတာ။ ဘယ်သူမှမသိအောင် ခိုးပြီးသိမ်းထားတဲ့
စာအုပ်ကြောင့်သာ သူ ဒီလိုတွေဖြစ်နေတာက အိပ်
ပျော်သွားတာ ဖြစ်မှန်းသိခဲ့ရသည်။ 

အချိန်ဆွဲလို့ မဖြစ်တာကြောင့် မနေ့ကတည်းက
သေချာကြည့်ထားတဲ့ အနေအထား
အတိုင်း အခန်းထဲက တစ်ခုတည်းသော ပြတင်းပေါက်
ဆီကို Taehyung ဦးတည်လိုက်သည်။ ပြီးမှ ခပ်ပါးပါး
တစ်ချက်ပြုံးလိုက်ကာ ပြတင်းပေါက်ကို ဆွဲဖွင့်ပြီး
ဘာကိုမှမစဉ်းစားပဲ ခုန်ချလိုက်တော့သည်။ ဒါဟာ
သူ့အတွက် တစ်ခုတည်းသော လွတ်လမ်း။ နှစ်ထပ်
အမြင့်ကနေ ပေါ့ပေါ့ပါးပါး အောက်ရောက်သွားတဲ့
အချိန်မှာ ခြံပတ်ပတ်လည်ကို လှည့်ကြည့်လိုက်တော့ ညအချိန်ဖြစ်တာကြောင့် အမှောင်ထုက အားကောင်းစွာ မင်းမူနေသည်။ တိတ်ဆိတ်ငြိမ်သက်နေတဲ့ ပတ်ဝန်း
ကျင်ဟာ အသံသေးသေးလေး ထွက်ရင်တောင်
ချက်ချင်းသိသွားနိုင်တဲ့ အခြေအနေဖြစ်တာကြောင့် Taehyung ခြေလှမ်းကို သတိထားလှမ်းကာ ခြံ
အနောက်ဘက်ကို ဦးတည်လိုက်သည်။ သူ နားစွန်နားဖျားကြားသလောက် ခြံအနောက်ဘက်က စည်းမတားရသေးဘူး။

ခြံစည်းရိုးဆီရောက်တာနဲ့ Taehyung ခြံစည်းရိုး
တံခါးကို ဆွဲဖွင့်ကာ တောအုပ်ဆီကို အားကုန်ပြေး
မိတော့သည်။ အိမ်ဘက်ကို တစ်ချက်မှ လှည့်မကြည့်
တော့ပဲ သူ ဦးတည်နေတာက စားသောက်ဆိုင်ဆီကို။
သူနဲ့ hyung အကြောင်းကို သိထားတဲ့ ဦးလေး
Chanhun ဟာ အကူအညီလိုရင် အချိန်မရွေးလာဖို့
မှာထားပြီးသား။ အားသွန်စိုက် ကြိုးစားပြေးပေမယ့်
ထင်သလောက် ခရီးမရောက်တဲ့အခါ Taehyung
ဒေါသထွက်လာတယ်။ နေ့စဉ်ရက်ဆက် လှည့်ပတ်
တိုက်ထားတဲ့ ဆေးတွေရဲ့ အကျိုးဆက်ဟာ သူ့ ခန္ဓာ
ကိုယ်ထဲမှာ ကျန် ရှိနေဆဲပဲ။ အဲ့ဒါအပြင် ဖိနပ်မပါပဲ
ခြေဗလာနဲ့ ပြေးနေရတာမို့ သစ်ငုတ်တွေ ၊ ခဲချွန်တွေနဲ့ တိုက်မိတဲ့ ဒဏ်ကြောင့် ခြေဖဝါးတစ်ခုလုံး
သွေးသံရဲရဲဖြစ်နေလောက်ပြီ။ ဒဏ်ရာတွေက ကြာရှည်
မခံပဲ ပျောက်သွားမှာ ဆိုပေမယ့် အနာပေါ် အနာ
ဆင့်တဲ့အခါ ခံစားရတဲ့ ဝေဒနာက သိပ်မသာဘူး။
ဒါပေမယ့်လည်း ဒီလိုအချိန်မှာ ဒါတွေကို ဂရုမစိုက်
အားသေး။ သူဂရုစိုက်တဲ့ တစ်ခုတည်းသော အရာက hyung နဲ့ မခွဲရဖို့ပဲဖြစ်သည်။

CycloneTempat cerita menjadi hidup. Temukan sekarang