Chapter ( 15 )

654 106 3
                                    

အပိုင်း ( ၁၅ )  -  မှော်ဆရာကြီး၏ တောင်းဆိုချက်

အရှင်သခင်ရွှယ်ယင်
+++++++++++++

ရွှယ်ယင်သည် နှင်းပျံနတ်လှံ ထည့်ထားသော လက်နက်သေတ္တာကို ကောက်ယူလိုက်ပြီးနောက် သေတ္တာ ဘေးတစ်ချက်တွင် ရှိသော ခလုတ်တစ်ခုကို ဖိနှိပ်လိုက်သည်။ ထိုအခါ လှံနှစ်ပိုင်းက သေတ္တာထိပ်ကနေ ဖျောင်းခနဲ ထွက်လာ၏။ ရွှယ်ယင်သည် ထိုလှံနှစ်ပိုင်းအား သွက်လက်ကျွမ်းကျင်စွာ ဆွဲထုတ်လိုက်ပြီး တဖန် ညင်သာစွာ ပြန်ထည့်လိုက်သည့်အခါ လက်နက်သေတ္တာက အလိုအလျောက် ပြန်ပိတ်ပေးလိုက်သည်။ 

"  အရမ်းကို မိုက်တာပဲ.. "  

ဟု ကျွင်းရှိက မျက်လုံးက တောက်ပလျက် ပြောလိုက်၏

" မင်းသာ မှော်ဆရာတစ်ယောက် ဖြစ်လာခဲ့ရင် ပိုပြီးတော့တောင် မိုက်ဦးမှာ.. "

ရွှယ်ယင်က သူ့ညီလေးအား ပြုံးကြည့်ရင်း ပြောလိုက်၏

" ဟားဟား.. အဲဒီလက်နက်သေတ္တာကို မေတ္တာလက်ဆောင်အနေနဲ့ ပေးလိုက်ပါမယ်..  "

ခရမ်းရောင်အဝတ်နှင့် လူကြီးက ပြုံးရွှင်စွာ ဆိုလိုက်၏။  အချိန်ကြာမြင့်စွာ သိမ်းထားနေရသော ပစ္စည်းတစ်ခု ရောင်းထွက်သွား၍ သူ့မှာ အရမ်းကို စိတ်ကြည်လင်နေ၏။

" သေတ္တာဘေးဘက်မှာ နောက်ထပ် စက်ယန္တရားတွေ ထပ်ထည့်ထားသေးတယ်.. အပြင်လောကကို ခရီးထွက်သွားတဲ့အခါကျရင်.. ကြိုးတို့  နောက်ထပ် ပစ္စည်းတွေတောင် ထည့်သွားလို့ရတယ်.. "

သေတ္တာမှာ အတော်လေးပေါ့ပါးသောကြောင့် ပစ္စည်းများအား ထည့်သွင်း ယူဆောင်နိုင်လေ၏။

ထို့အပြင် လေးလံသော လက်နက်တွေကိုလည်း သိမ်းဆည်းနိုင်ပြီး လျင်မြန်စွာဖြင့်လည်း လက်နက်ကို ဆွဲထုတ်ယူနိုင်လေသည်။

" ဒီလက်နက်သေတ္တာက မေတ္တာလက်ဆောင် ပေးတာလား.. ? "

ရွှယ်ယင်က ပြုံးရွှင်စွာဖြင့် မေးလိုက်သည်။

" ဘာဖြစ်လို့ လုံကို လုပ်သူက ဒီနှင်းပျံလှံအတွက် ထည့်ဖို့ သေတ္တာကိုတောင် ကိုယ်တိုင် မလုပ်သွားတာလဲ.. ? "

Lord Xue YingWhere stories live. Discover now