Chapter 47

118 21 0
                                    

#unicode

အပိုင်း ( ၄၇ ) သေခြင်းရှင်ခြင်း၏ အပိုင်းအစတစ်ခု



"  ဟား..ဟား.ဟား.. သေပေတော့.. "

အသားစီးရနေ၍ နတ်ဆိုးတမန်တော်မှာ ရွှယ်ယင်အား တုံ့ပြန်ဖို့ အခွင့်အရေး မပေးလိုပေ။ သူကလည်း လျင်မြန်စွာဖြင့် လက်ထဲက အသွားနှစ်ဖက် ပုဆိန်နှင့်အတူ အပေါ်သို့ အမြန် ခုန်တက်လာသည်။

ရွှယ်ယင်မှာ လေထဲတွင် တစ်ကိုယ်လုံးကို လှည့်၍ လှံကို အောက်စိုက်ထိုးလိုက်သည်။

ရွှစ်..

ရွှယ်ယင်မှာ လေထဲတွင် လှံကို လက်တစ်ဖက်တည်းဖြင့် ထိုးလိုက်သည်။ လှံ၏ အလျင်နှင့် အလျားကြောင့် ချက်ချင်းဆိုသလို နတ်ဆိုးတမန်တော်၏ အရှေ့သို့ ရောက်ရှိသွားသည်။

"  သောက်ကျိုးနည်း. တကယ်ကြီးကို မြန်နေရောလား.."

နတ်ဆိုးတမန်တော်မှာ ကြောင်အမ်းသွားသည်။ သူက ရွှယ်ယင်ကို အမိဖမ်းဖို့ မဟုတ်လား။ အခုတော့ သူကိုယ်တိုင် အသက်နုတ်မည့် လှံထိုးချက်နှင့် ရင်ဆိုင်နေရပြီ။

" ဘာလို့ သူ့ လှံသိုင်းက အရမ်းကို မြန်လာရပြန်တာလဲ.. အစောပိုင်းကထက်တောင် ပိုပြီး လျင်မြန်လာတာပဲ.."

သူက အသွားနှစ်ဖက် ပုဆိန်ကို တွဲပြီ ကပ်ထားလိုက်ကာ တံခါးနှစ်ချပ် ပိတ်ထားသည့် ပုံစံကဲ့သို့ဖြင့်  ရွှယ်ယင်၏ လှံထိုးချက်ကို ကာကွယ်ထားလိုက်သည်။

" ဘန်း.." 

လှံထိပ်နှင့် ပုဆိန်တို့ ထိပ်တိုက် ရိုက်ခတ်သွားသည်။

လက်တစ်ဖက်ဖြင့် ရုတ်ချည်း အမြန်ပစ်လိုက်ခြင်းကြောင့် လှံ၏ အင်အားက ထိုးသွင်းခြင်း၊ လွှဲရိုက်ခြင်း၊ ရိုက်ချခြင်းတို့ထက် အင်အားနည်းသွားသော်လည်း  နတ်ဆိုးတမန်တော်မှာ သူ့ပုဆိန်က တုန်ခါသွားသည်ကို ခံစားလိုက်ရသေး၏။

" ခင်ဗျားက သေဖို့ ထိုက်တန်နေပြီ.."   

ရွှယ်ယင်က မြေကြီးပေါ် ဆင်းလိုက်ပြီးသည်နှင့် ချက်ချင်းပဲ နတ်ဆိုးတမန်တော်ထံ ပြေးဝင်သွားသည်။ ပြေးရာ လမ်းတလျှောက် ဆီးနှင်းပွင့်များ လွင့်ထွက်လာသည်။ ရွှယ်ယင်၏ လှံမှာလည်း အရိပ်တန်းတစ်ခုလို စတင် တိုက်ခိုက်လာလေသည်။

Lord Xue YingTempat cerita menjadi hidup. Temukan sekarang