အပိုင်း ၇၁

31 3 0
                                    

အပိုင်း ( ၇၁ ) ချောက်နက်ကြီးထဲသို့ ကျဆင်းခြင်း

လနက်ကင်းခြေများယာဥ်က ထိတ်လန့်တုန်လှုပ်စွာဖြင့် ထွက်ပြေးနေဆဲပင်။ မှော်ဆရာကြီး ပိုင်ယွမ်ကျစ်က သန္ဓေပြောင်း သားရဲကောင်ကြောင့် အလွန်တရာ ထိတ်လန့်ကြောက်ရွံ့နေပေမဲ့ ရုတ်တရက် သူ မြင်လိုက်ရသည့် မြင်ကွင်းတစ်ခုကြောင့် အံ့အားသင့်သွားသည်။

ထို့အတူ ကျုံးလိန်၊ ထုံစန်း၊ ချင်းရှီ၊ ခုံရိုယွဲ့၊ ဂျိရုံနှင့် စစ်ချန်တို့ကလည်း အလားတူ အံ့အားသင့်သွားကြသည်။

အစောပိုင်းအချိန်တွင် ရှင်းဖန်းယွင်က သန္ဓေပြောင်းသားရဲအဖြစ် ပြောင်းလဲသွားပြီး ရွှယ်ယင်အား လေနက်ချောက်ကမ်းပါးသို့ ကန်ထုတ်ပစ်ခဲ့ရာ ရွှယ်ယင်မှာ ထိန်းမရတော့ဘဲ လေဝဲကြီးထဲ ဆွဲပါသွားခဲ့သည်။

သို့သော် ရွှယ်ယင်က အော်သံကြီးတစ်ခု အော်ဟစ်ရယ်မောလိုက်ကာ လှံတိုတစ်ချောင်းကို ထုတ်ယူလိုက်ခဲ့သည်။ သူ့တစ်ကိုယ်လုံးကလည်း မီးလျှံများဖြင့် ဖုံးလွှမ်းလာခဲ့သည်။ ဘေးပတ်ဝန်းကျင်ကိုလည်း အလင်းရောင် ထိန်းညီးစွာဖြင့် တောက်ပစေသည်။ အလွန်လှပသော မီးလျှံကြာပွင့်တစ်ပွင့်ကဲ့သို့ ထင်မှတ်ရသည်။

တုန်ပိုရွှယ်ယင်က မီးနတ်ဘုရားတစ်ပါး၏ ပုံသဏ္ဌာန်ကဲ့သို့ ရှိပေသည်။

တုန်ပိုရွှယ်ယင်က လှံတိုကို ပစ်လွှတ်လိုက်သည့်အခါမှာ ယင်းလှံတိုက ဥက္ကာခဲတစ်လုံးလို ကောင်းကင်ကို ဖြတ်သန်း၍ ပျံသန်းလာသည်။

ပထမမြောက်လှံ..၊ ဒုတိယမြောက်လှံ..၊ တတိယမြောက်လှံ..၊

ထိုလှံချက်အားလုံးကို သန္ဓေပြောင်း မှော်သားရဲက လုံးဝ မတားဆီးနိုင်ခဲ့ပေ။ လှံချက်တိုင်းက မှော်သားရဲ၏ အဓိကနေရာတို့ကို ထိုးဖောက်သွားသည်။ မှော်သားရဲကောင်က ထိုနေရာမှာပဲ ပွဲချင်းပြီး သေ၏။ အားအင်အပြည့်ဖြင့် ခတ်ပျံနေသော တောင်ပံကြီးက အားမပါလာတော့ကာ ၎င်း၏ ခန္ဓာကိုယ်ကြီးသည် အနက်ရောင် လေဝဲကြီး၏ စုပ်ငင်အားကြောင့် တဖြည်းဖြည်းဖြင့် ဆွဲယူသွားခြင်း ခံလိုက်ရတော့သည်။

Lord Xue YingDonde viven las historias. Descúbrelo ahora