Chapter 5

988 97 1
                                    

Chapter 5 – လှံသိုင်းသမား

အရှင်သခင်ရွှီယင်
+++++++++++

" ငါ... ရှမင်းဆက်၏ ရေခဲနက်သူရဲကောင်း... ရိုယွမ်ဟန်
ဤလှံသိုင်းကို ချန်ရစ်ထားခဲ့သည်.. "

ရွှေစာအုပ်ရဲ့ စာမျက်နှာ တစ်ခုပေါ်တွင် လူတစ်ယောက်က
လှံသိုင်းကျင့်နေဟန် ပုံကြမ်းတစ်ခုကို ရေးဆွဲထားသည်။

" ဝူးးး "
ရုတ်တရက် ထူးခြားပြီး အင်အားပြင်းထန်သော စွမ်းအား
တစ်ခုက အခန်းအတွင်းရှိ လေထုကိုပင် တုန်ခါစေလာ၏။ 

" ဟမ်း??"
တုန်ပိုရွှီယင် အရမ်းကို ထိတ်လန့်သွားသည်။ ခေါင်းကိုမော့
ကြည့်ပြီး သူ့အရှေ့က မြင်ကွင်းကို တွေ့လိုက်ရ၍ တုန်လှုပ်
သွားသည်။ အလွန်စူးရှတောက်ပသော ငွေရောင် အဖြူ
အလင်းက ဖွင့်လျက်သား ရှိနေသည့် စာမျက်နှာကနေ
ထွက်ပေါ်လာနေသည်။ ထူးခြားဆန်းပြားတဲ့ အလင်း အဖြူ
ရောင်တွေဟာ တဖြည်းဖြည်းနဲ့ စုဖွဲ့လာပြီး သူတောင်းစား
တစ်ယောက်လို ဝတ်ဆင်ထားတဲ့  လူအိုတစ်ယောက်ဟာ
လှံတစ်ချောင်းကို ကိုင်စွဲထားနေသည့် လူသဏ္ဍာန်ပုံရိပ်
တစ်ခု ဖြစ်ပေါ်လာသည်။အလင်းလူပုံရိပ်ဟာ ငွေသားနှင့်
ထုလုပ်ထားသကဲ့သို့ ထင်ရပြီ အလွန်သေးငယ်လှကာ
စာအုပ်ထက် အနည်းငယ်မျှ ကျော်ရုံလေးသာ ရှည်သည်။

ထိုအခိုက် ရုတ်တရက် ရေခဲတမျှ အေးစက်လှတဲ့ အော်ရာ
တွေဟာ သူ့တကိုယ်လုံးကို လွှမ်းခြုံလာခဲ့သည်မို့  ရွှီယင်
ခိုက်ခိုက်တုန်အောင် အေးစိမ့်သွားလေသည်။

" ယားး  "
သူတောင်းစားအိုပုံရိပ်ဟာ သူ့လက်ထဲက လှံကို အသုံးပြု
ပြီ သိုင်းကွက်တွေ တစ်ကွက်ပြီ တစ်ကွက် စတင်ကစားပြ
ပါတော့သည်။ သူ့လက်ထဲက လှံဟာ နဂါးတစ်ကောင်လို
ပါပဲ..ဒေါမာန်အားပါစွာနဲ့  ထိုးသွင်းလိုက်.. ရိုက်ချပစ်လိုက်
နှင့် တဖန် လှံတံဖြင့် ကာကွယ်လိုက်...

ဒီသိုင်းကွက်တွေကို သူ အရမ်းရင်းနှီးနေသည်။ ဒါတွေဟာ
သူ အသက်၆နှစ်ကတည်းက လေ့ကျင့်လာခဲ့သော လှံသိုင်း
တွေပဲ ဖြစ်၏။ တဖန် ဒီသိုင်းကွက်တွေက လွန်းရှန် အင်ပါ
ယာမှာ အသုံးပြုနေသော အခြခံလှံသိုင်းသာ ဖြစ်ချေသည်။
ဒီသိုင်းနာမည်ကား  [ ဝိညာဉ်လှံသိုင်း ] ဟု ခေါ်သည်။

Lord Xue YingWhere stories live. Discover now