#unicode
အပိုင်း ( ၄၄ ) လွတ်မြောက်ခြင်း
" ဘာ.. ဘယ်.. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.."
ထန်ရှံးနှင့် တိုက်ခိုက်နေသည့် နောက်ဆုံး ကာကွယ်စောင့်ရှောက်သူမှာ ကြောက်လန့်တကြားဖြင့် အံ့အားသင့်သွားသည်။
လျန့်ယုံကို သတ်ဖြတ်လိုက်ပြီးနောက် ကျန်ရှိနေသည့် ငွေလအဆင့် ၃ ယောက်နှင့် အားအနည်းဆုံး ဖြစ်သည့် စစ်ပိုင်ရုံတို့ကို ရင်ဆိုင်တိုက်ခိုက်ဖို့ ကာကွယ်စောင့်ရှောက်သူ ၃ယောက်မှာ အတော်လေး ယုံကြည်ချက် ရှိသွားခဲ့သည်။
သို့သော် အနက်ရောင်ဝတ်ရုံနှင့် လူငယ်က သူ့လှံကို ထုတ်လိုက်သည့်အချိန်မှာ အခြေအနေတွေက ပြောင်းပြန် ဖြစ်သွားတော့သည်။
" သေစမ်း.. " ထန်ရှုံးက အော်ဟစ်လိုက်သည်။
ထိုကာကွယ်စောင့်ရှောက်သူက အာရုံပျံ့လွင့်သွားသည့်အချိန်မှာ အသက် ၁၆၀ ရှိသည့် ထန်ရှုံး၏ တိုက်ခိုက်မှုကို အဘယ်ကဲ့သို့ ကာကွယ်နိုင်တော့မည်နည်း။ တစ်ဖက်က ကာကွယ်စောင့်ရှောက်သူသည် ကြောက်စိတ်မွှန်သွားကာ လှုပ်ရှားမှုအမှားများ လုပ်မိသွားသည်။
" ရွှပ်.." ကာကွယ်စောင့်ရှောက်သူ၏ မျက်ခုံးအထက်တွင် အနီရောင်အစက်တစ်ခု ထွက်ပေါ်လာသည်။ တစ်ချိန်မှာပဲ သူသည် အံ့သြစွာဖြင့် မျက်လုံးနှစ်ဖက်စလုံးက ပြူးကျယ်လာကာ ပြိုလဲကျသွားလေ၏။
" ညီလေး ရွှယ်ယင်.. သိပ်ကို အံ့သြဖို့ ကောင်းတဲ့ လှံသိုင်းပါလား.." ထန်ရှုံးက ရယ်မောလိုက်၏။
" သပ်ရပ်ပိရိတဲ့ လှုပ်ရှားမှုမျိုး.. ဒါမျိုး မမြင်ရတာ တော်တော် ကြာသွားပြီပဲ.."
ယွီကျင့်ချိုးမှာလည်း ရွှယ်ယင်၏ အစွမ်းကြောင့် အနည်းငယ် မှင်တက်နေမိသည်။
" စိတ်မကောင်းစရာပဲ.. လျန့်ယုံက အချိန်နည်းနည်းလေးလောက်မှာပဲ ရှုံးနိမ့်သွားခဲ့တယ်.. ကျနော်ကလည်း အချိန်မီ မရောက်လာနိုင်ခဲ့ဘူး.."
ရွှယ်ယင်က ခေါင်းကို ခါယမ်းရင်း ပြောလိုက်သည်။
"ဟူး"
ŞİMDİ OKUDUĞUN
Lord Xue Ying
Fantastikဒုတိယမြောက် ဘာသာပြန်စာစဉ် အရှေ့တိုင်း စိတ်ကူးယဉ် ကျင့်ကြံခြင်း စွန့်စားခြင်း စစ်ပွဲ တာအိုဝါဒတွေနဲ့ ယှဉ်ပြိုင်မှုတွေ မှော်အစွမ်း သတ္တဝါဆန်းတွေ ရောသမမွှေ ပါဝင်ထားပါတယ်..