အပိုင်း ၇၃

44 7 2
                                    


အပိုင်း ( ၇၃ ) ထိုည ပြီးနောက်မှာတော့

" သခင်စစ်အန်း.. လမ်းလျှောက်ရင်း ပြောကြရအောင်.. "

ကျုံးလိန်သည် ရင်ထဲမှာ မချိအောင် ခံစားနေရသော်လည်း ဟန်မပျက်စေဘဲ လောကဝတ်အတိုင်း လုပ်ဆောင်နေဆဲပင်။

" ရှင်းဖန်းယွင်က ရွှယ်ယင်ကို လာသတ်ခဲ့တာလား.." သခင်စစ်အန်းနှင့် ကျုံးလိန်တို့ အတူတကွ လမ်းလျှောက်နေကြရင်း သခင်စစ်အန်းက မအောင့်နိုင်တော့ဘဲ အရေးကြီးဆုံးအချက်ကို မေးလိုက်သည်။

ကျုံးလိန်လည်း ခေါင်းညိတ်လိုက်သည်။

" လုပ်ကြံသူတွေက ချင်းရှီကို သတ်ဖို့ဆိုတဲ့ သွေးစွန်းအရက်ဆိုင်ရဲ့ အလုပ်တာဝန်ကြောင့် ရောက်လာကြတာပဲ.. ဒါပေမဲ့ ရွှယ်ယင်က သူတို့ကို သတ်လိုက်တယ်.. အဲ့မှာ ရှင်းဖန်းယွင် ထွက်လာပြီး ရွှယ်ယင်နဲ့ တိုက်ခိုက်ကြတာပဲ.. နှင်းကျောက်ရဲတိုက်ကနေ လေနက်ချောက်ကမ်းပါးအထိ ရောက်အောင် တိုက်ခိုက်သွားကြတယ်.. "

" ဘာရယ်.. လေနက်ချောက်ကမ်းပါး.. " သခင်စစ်အန်းမှာ မျက်လုံးပြူးကျယ်သွားလျက် ငေးကြောင်ကြည့်မိတော့သည်။

သေးငယ်သည့် ခရိုင်ဒေသငယ်က နဂါတောင်အိမ်တော်သခင်တစ်ယောက်မို့ သူ့နယ်မြေအတွင်းက ကြောက်စရာကောင်းသည့် နေရာအကြောင်းကို သူ ကောင်းကောင်း သိသည်။

" ကီလိုမီတာ ၅၀ အကွာအဝေးကို တိုက်ရင်းခိုက်ရင်း ရောက်သွားကြတာပေါ့.. "

သခင်စစ်အန်းသည် ထိတ်လန့်သွားကာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရသည်။

ဒီလို တိုက်ခိုက်သွားခဲ့သည်ဆိုရင် ထိုနှစ်ယောက်၏ လက်ရည်က ညီမျှနေသည်လား..

" ဒီလို တိုက်ခိုက်ကြရင်း အဝေးကြီး ရောက်တဲ့အထိ ယှဥ်နိုင်တယ်ဆိုတော့ ရွှယ်ယင်ရဲ့ ခွန်အားက နဂါးတောင်အိမ်တော် အဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံး အယောက် ၁၀၀၀ ထဲ ဝင်နေပြီပဲ.. "

သခင်စစ်အန်းမှာ မယုံမရဲ ဖြစ်နေဆဲပင်။

" နောက် ဘယ်လို ဖြစ်သွားကြလဲ.. " သခင်စစ်အန်းက မေးလိုက်ည်။

Lord Xue YingWhere stories live. Discover now