Chapter 46

113 23 0
                                    

#unicode

အပိုင်း ( ၄၆ )  တားမြစ်ပညာရပ်



ရွှယ်ယင် မျက်နှာအမူအရာ အနည်းငယ် ပျက်သွားသည်။ လက်ရှိတွင် သူကအသာစီး ရထားသည် မှန်သော်လည်း နတ်ဆိုးနှင့် တူသည့် လူမှာ အလွန်ကို ယုံကြည်ချက် မြင့်မားနေပုံ ရနေ၏။ တစ်ခုခုတော့ လွဲမှားနေဟန် ရသည်။

" ငယ်ရွယ်တဲ့ မှော်ပညာရှင်ကြီး.. မင်းရဲ့ အင်အားက ငါ့ထက် မြင့်ပါတယ်.. မင်းကို သတ်ရတာ မလွယ်ဘူးပဲ.."    နတ်ဆိုးနှင့် တူသည့် လူက လှောင်ရယ်လိုက်လေသည်။

ကြည့်နေကြသူများမှာလည်း အံ့သြသွားကြသည်။

အစောပိုင်းက အဖြစ်ကြောင့် ရွှယ်ယင်သည် အသာစီးရနေမှန်း သူတို့ အားလုံး သိကြသည်။

တကယ်တမ်းတွင် ဘာတွေ ဖြစ်ပျက်သွားသလဲ ဆိုတာ အလွယ် ရှင်းပြနိုင်သည်။ ရွှယ်ယင်က လောကကြီးနှင့် တစ်သားတည်းအဆင့်ကို ရောက်နေသူ ဖြစ်ပြီး တစ်ဖက်လူက သဘာဝတရား၏ နိယာမကို ထိန်းချုပ်နိုင်သူ ဖြစ်သည်။ ဆိုလိုရင်းက သူတို့နှစ်ယောက်မှာ လက်ရည်မျှသည်။ 

သို့သော်  ရွှယ်ယင် အသာစီးရသည့် အကြောင်းက အထွတ်အထိပ်အဆင့် ရေခဲနက် လှံသိုင်းပညာနှင့် သူ့လက်ထဲက နှင်းပျံနတ်လှံ၊ တဖန် လှံသိုင်းပညာရှင်ကြီးအဆင့်နယ်ပယ်  စသည်တို့ကြောင့် ရွှယ်ယင်က တစ်ဖက်လူကို သေချာပေါက် အနိုင်ယူနိုင်ပေမည်။

နတ်ဆိုးနှင့် တူသည့် လူမှာ ခွန်အားများစွာ ရှိသည်က မှန်သော်လည်း သူ့တွင် စွမ်းအားနှင့် တစ်သားတည်းအဆင့် ရောက်နေတာက မရှိနေသောကြောင့် သူ့အနေဖြင့် ရွှယ်ယင်ကို မနင်းခြေနိုင်ချေ။

" ခင်ဗျားမှာ တစ်ခြား ဘာသိုင်းပညာတွေ ရှိသေးလဲ.. လာစမ်း.. အကုန် ထုတ်သုံးလို့ ရတယ်.."

ရွှယ်ယင်က အေးစက်စွာ အော်ဟစ်လိုက်သည်။  တစ်ဖက်လူက ထူးဆန်းစွာ ပြုမူနေသည်ဟုလည်း သူ ခံစားနေရသည်။

" ဟား..ဟား..ဟား.. မြေအောက်ဘုံကနေ ထွက်လာတာ မကြာသေးလို့ ငါ့ရဲ့ အင်အားက တစ်ဝက်လောက်ပဲ ရသေးတယ်.. နတ်ဆိုးသခင်ကြီး တီထွင်ထားတဲ့ တားမြစ်ပညာရပ်ကို ထုတ်သုံးဖို့ မင်းက ထိုက်တန်ပါပေတယ်.."

Lord Xue YingWhere stories live. Discover now