Zawgyi
"အရှင်...ရှိလား ဟင်"
အရှင့်အခန်းလို့ ယူဆရသော အခန်းငယ်ရှေ့တွင် ကပိုပယို နန်းတွင်းအဝတ်အစားများနှင့်မတ်တပ်ရပ်နေသူက ဂင်ထယ်ယောင်းမှ ဟုတ်ပါလေစ။
"အရှင်မင်းမြတ် ကိုမေးရအောင် မင်းက ဘာကောင်မလို့လဲ"
ခပ်ရိုင်းရိုင်းတုံ့ပြန်သော အစောင့်ကို မျက်စောင်းခဲလိုက်ကာ
"အရှင့် လက်အောက်ငယ်သားမလို့ ယဉ်ယဉ်ကျေးကျေးဆက်ဆံနေတာ..ရောင့်တက်မလာနဲ့"
ဆူညံဆူညံဖြစ်နေသောကြောင့် ဂျုံးကု အိပ်မရတော့ပေ။
"ဘာတွေဖြစ်နေတာလဲ!"
အခန်းထဲမှထွက်လာသော အရှင်ကြောင့် ပြုံးကာ..
"အရှင်....ကျနော် အရှင်နဲ့တွေ့ချင်လို့ လာခဲ့တာ"
ထိုကောင်လေးအသံက အနည်းငယ်တုန်ရီနေသော်လည်း အပြုံးမပျက်။
"ဝင်ခဲ့!"
စကားနှလုံးတည်းသာ အရှင် ပြောလိုက်ပေမယ့်လည်း ပါးစပ်က စိမရတော့ပေ။
"ဘာကိစ္စလဲ.. ငါမင်းကို သတ်ပစ်လိုက်မှာမကြောက်ဘူးလား...!"
ခပ်ကျယ်ကျယ် အော်လိုက်သော်ကြောင့် ထိုကောင်လေးကိုယ်မှာ သိမ့်ကနဲတုန်သွားသော်လည်း သူ့ရင်ဘတ်ကလေးကိုဖိကာ ကောင်လေးက စကားစသည်။
"ကျနော်ပြောပြီးပြီလေ...အရှင်သတ်မှာထက် အရှင်နဲ့ဝေးရမှာကို ပိုကြောက်ပါတယ်လို့..ဆို ခဏခဏမမေးနဲ့ဗျာ အဲ့တာပဲ ပြန်ဖြေရတာမောတယ်"
သူ့ကိုပင် ပြန်ဟောက်ရင်း တချက်တချက် နှုတ်ခမ်းကို ထော် ထော်လာကာ စကားပြောနေသော သူ့ရှေ့မှ ကျားပေါက်ကလေးမှာ..အလွန်ပင်ချစ်ဖို့ကောင်းနေတာကိုတော့ ဂျုံးကု မလိမ်ချင်။သို့သော်လည်း အလွန်မုန်းသောမျိုးနွယ်စု၏သားဖြစ်နေသည်ဟူသော အတွေးက ကန့်လန့် လာလာခံသည်။
![](https://img.wattpad.com/cover/170817971-288-k391742.jpg)
YOU ARE READING
My Lord
FanfictionREST Zawgyi/Unicode Unicode မြတ်နိုးခဲ့ဖူးသော အရှင် ချစ်ရပါသော အရှင် နောင်ဘဝတွင်မက ဘဝအဆက်ဆက်တိုင်းမှာ ဆုံချင်သေးပါရဲ့။ Zawgyi မြတ်နိုးခဲ့ဖူးသော အရှင် ချစ်ရပါသော အရှင် နောင်ဘဝတွင်မက ဘဝအဆက်ဆက်တိုင်းမှာ ဆုံချင်သေးပါရဲ့။ #TaeKo...