My Lord// အပိုင်း<၃>

4K 392 16
                                    

Zawgyi

"ဂျွန်​..ဒီအဝတ်​အစားနဲ့သွားရမှာလား"

အသံခပ်​တိုးတိုးလာရာ သူ့မျက်​နှာကို ကြည့်​မိ​တော့ မျက်​နှာငယ်​​လေးနဲ့ရယ်​။ ဝတ်​ထားတဲ့ အင်္ကျီ​တွေကလည်း ကပိုကရိုနဲ့ပင်​။

"ကိုယ်​ အင်္ကျီ​ပေးမယ်​"

သူ့ အင်္ကျီ​တွေထဲမှ လိုက်​ဖက်​မည်​ဟုထင်​​သော အပြာ​ရောင်​ အင်္ကျီကိုထုတ်​​ပေးလိုက်​သည်

သူ့ အင်္ကျီ​တွေထဲမှ လိုက်​ဖက်​မည်​ဟုထင်​​သော အပြာ​ရောင်​ အင်္ကျီကိုထုတ်​​ပေးလိုက်​သည်

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

ဆံပင်​များကိုလည်း သူကိုယ်​တိုင်​ပင်​ စီး​ပေးလိုက်​သည်​။

ဒီလိုဆို​တော့လည်း...ဒီ​ကောင်​​လေး သိပ်​ချစ်​ဖို့​ကောင်းလွန်းတယ်​။

"သွားကြမယ်​"

သူက​တော့ အနီ​ရောင်​ နန်းတွင်းအင်္ကျီကိုပဲဝတ်​ဆင်​ကာထွက်​လာခဲ့လိုက်​သည်​။

တောထဲသွားရန်​ မြင်းလိုအပ်​​သော​ကြောင့်​ မြင်း​ဇောင်း ကိုသွားလိုက်​သည်​။

"ဂျွန်​...စတီဗင်​ ကိုသတ်​လိုက်​ပြီလားဟင်​"

ထို​ကောင်​​လေး​မေး​တော့မှ သတိရသည်​။ ဂင်​မိသားစုရဲ့လက်​​ရွေးစင်​မြင်း စတီဗင်​..။

"မသတ်​ရ​သေးဘူး စတီဗင်​ကို စီးချင်​တာလား"

ကျ​နော့်​ ​လေသံက တခြားသူ​တွေနဲ့ခပ်​မာမာ​ပြော​နေကျဆို​တော့ အသံက မာသွားသည်​။

ထို့​ကြောင့်​ ထို​ကောင်​​လေးက ​ခေါင်း​လေးကိုငုံကာ​ဖြေသည်​။ အသံများကလည်းတုန်​လို့။

"ဟုတ်​...စီးချင်​လို့"

ဖြေ​နေပုံက အသည်းယားစရာ​ကောင်းလွန်းသည်​။ စိတ်​ရှိတိုင်းသာလုပ်​ရင်​ တကယ်​ကို တစ်​စစီဖြစ်​​တော့မယ်​ ​ကောင်​​လေး​ရေ။

My Lord Donde viven las historias. Descúbrelo ahora