Zawgyi
"ထယ်ယောင်း..ဘယ်လိုလဲ အရှင် သက်သာရဲ့လား"
ဖျားနေသော ဂျုံးကုအား နေ့မအိပ် ညမနား ပြုစုနေသော ထယ်ယောင်းကို ဂျီမင်းမေးလိုက်သည်။
ထယ်ယောင်းက သူ့ကိုမြင်မြင်ချင်း အရိုအသေပေးကာ
"ဟုတ်ကဲ့ စစ်သူကြီး မကြာခင်သက်သာလာမှာပါ"
ဂျီမင်းလည်း ခေါင်းကို ခပ်ဖြေးဖြေးငြိမ့်ရင်း
"ထယ်ယောင်းရှိနေတာ အရှင့်အတွက်ကံကောင်းတာပဲ"
ထယ်ယောင်းကိုမကြည့်ပဲ တစ်ခြားနေရာကို မျက်နှာမူကာ ပြောနေသော်ငြား...ဂျီမင်းမျက်ဝန်းထဲမှ မျက်ရည်အချို့နှင့် ဝမ်းနည်းမှုအရိပ်ယောင်များကို ထယ်ယောင်း ရိပ်စားမိပါသည်။
________________________________
"မမလေး ကျနော်မျိုးကိုခေါ်တယ်ဆို"
မင်ဆိုရင်း၏ အဆောင် တွင်တော့ ယောက်ျားသားတစ်ဦး။
"မဟူရာ..ကင်မ်ထယ်ယောင်းဆိုတဲ့ ကောင်ကို သတ်ပစ်! ဂျုံးကုနားမလာနိုင်အောင်လုပ်ရမယ် ငါသေချာစီစဉ်ထားပြီးမှ ဒီလိုလုံးဝအဖြစ်မခံနိုင်ဘူး"
"အမိန့်တော်အတိုင်းပါ မမလေး"
________________________
One day later>>>
ပြန်ကောင်းလာပြီ ဖြစ်တဲ့ ဂျုံးကုကို ထယ်ယောင်း ကဘေးမှာအမြဲနေရင်းဂရုစိုက်ပေးနေသည်။ ထိုစဉ် တံခါးကို ဖွင့်ကာ ဝင်လာသော ဆိုရင်း။
"ဂျုံးကု.."
"အရှင်မင်းမြတ်လို့ခေါ်ပါ မင်ဆိုရင်း ငါက အခုချိန်မှာ ဂျိုဆောင်မင်းတစ်ပါးပဲ"
"အရှင်..ကျမ တောင်းဆိုချင်တာ တစ်ခုရှိလို့ပါ ဒီတခုကို အရှင်သာဖြည့်ဆည်းပေးမယ်ဆို ကျမ အပြီးအပိုင် ထွက်ခွာသွားပါ့မယ်"
"ဘာလဲ.."
"ဒီည ပျော်ပွဲရွှင်ပွဲလေးကျင်းပချင်ပါတယ်"
YOU ARE READING
My Lord
FanfictionREST Zawgyi/Unicode Unicode မြတ်နိုးခဲ့ဖူးသော အရှင် ချစ်ရပါသော အရှင် နောင်ဘဝတွင်မက ဘဝအဆက်ဆက်တိုင်းမှာ ဆုံချင်သေးပါရဲ့။ Zawgyi မြတ်နိုးခဲ့ဖူးသော အရှင် ချစ်ရပါသော အရှင် နောင်ဘဝတွင်မက ဘဝအဆက်ဆက်တိုင်းမှာ ဆုံချင်သေးပါရဲ့။ #TaeKo...