My Lord:Intro

13K 596 6
                                    

ZawGyi

အရှင်​...အချစ်​ကို ယုံကြည်​ပါသလား?

မယုံကြည်​ဘူးလို့ မတုံ့မဆိုင်းပြန်​​ဖြေမယ်​ဆိုတာသိပါရက်​နဲ့ ထပ်​​မေးခဲ့တဲ့ကျ​တော့်​ကို အရှင် ​စိတ်​ဆိုး​လေမလား။

_•_•_•_•_•_•_•My Lord•_•_•_•_•_•_•_

"အရှင်​မင်းမြတ်​...ဒီအိမ်​​တော်​မှာ ရှိသမျှလူ​တွေအကုန်​သတ်​ပစ်​လိုက်​ရမလား"

အရှင်​မင်းမြတ်​ ဆိုသူက မဲ့ပြုံးပြုံး ကာ

"သူတို့ရဲ့ သား​တော်​​လေးကို ချန်​ထားပြီး အကုန်​သတ်​ပစ်​!"

ဆယ်​စုနှစ်​ တိုင်​​အောင်​ ​စောင့်​ပြီး​နောက်​မှာ​တော့ ဂင်မျိုးနွယ်​ကို အပြတ်​ရှင်းနိုင်​ခဲ့သည်​။

ဂင်​မျိုးနွယ်​ရဲ့ တစ်​ဦးတည်း​သော သား​တော်​​လေးဂင်​ထယ်​​ယောင်း...​ချောလွန်းတယ်​ ဟုနာမည်​ကြီး​ကြောင်း...​ချောသ​လောက်​ မာနကြီး​ကြောင်းကိုလည်း သူသိပြီးဖြစ်​သည်​။

ကောင်​​လေး..မင်း ကိုငါပိုင်​ပြီမလို့ စိတ်​မပူပါနဲ့​တော့...။

"အရှင်​မင်းမြတ်​ဂျွန်​...ဟို​ကောင်​​လေးကို ​ခေါ်လာရမလား"

ခေါင်းတစ်​ချက်​ငြိမ့်​ပြလိုက်​သည်​။ အရှင်​မင်းမြတ်​ဆိုသူ ဂျွန်​​ဂျုံးကုက စကားကို လိုတာထက်​ ပိုမ​ပြောတတ်​​ပေ။

ထို​ကောင်​​လေးက..အင်္ကျီဖရိုဖရဲနှင့်​သူ့​ရှေ့ကို​ရောက်​လာသည်​။ မီး​လောင်​ဒဏ်​ရာ အချို့က သူ့၏ ​ကျောဖြူဖြူ​ဖွေး​ဖွေးထက်​တွင်​ အလွန်​အကျည်းတန်​​နေသည်​။ ​ခေါင်းငုံ့ထားဆဲ ဖြစ်​​သော​ကြောင့်​ ​ကောင်​​လေးမျက်​နှာကို​တော့ မ​တွေ့ရ​သေး။

"​မင်းက ဂင်​ထယ်​​ယောင်းလား..အဟက်​...​ပျော့ညံ့လိုက်​တာ"

သူ့စကားသံအဆုံးမှာ​တော့ ​ကောင်​​လေးက စူးရှလှ​သော မျက်​ဝန်းနဲ့အတူ သူ့ကို မျက်​​စောင်းထိုးကာ ​မော့ကြည့်​သည်​။

စကားကြမ်းကြမ်းတမ်းတမ်းနှင့်​ သူ့ကိုထိုးနှက်​မည်​ဟုထင်​မိ​သော်​လည်း ​ကောင်​​လေးက သူ့ကိုအ​တွေ့မှာပင်​ မျက်​လုံးအဝိုင်းသားဖြစ်​သွားခဲ့သည်​။

My Lord Donde viven las historias. Descúbrelo ahora