My Lord//အပိုင်း<၅>

3.5K 369 27
                                    

Zawgyi

"ဂျွန်​...ဘယ်​သွားမလို့လဲ"

ကုတင်​​ပေါ်တွင်​ ​ခြေ​ထောက်​ချကာ တ​စောင်းထိုင်​​နေ​သော ထိုက​လေးမှ စကားစလာသည်​။

"ကိုယ်​ ​ရှေ့တန်းတက်​ရမယ်​..နမ်​ချွန်းမှာ ကိုယ်​တို့ စစ်​သည်​​တွေ အင်​အား​နည်း​နေပြီ"

သံချပ်​ကာ အင်္ကျီများကိုဝတ်​ဆင်​ရင်းပင်​​ဖြေလိုက်​သည်​။

"ဂရုစိုက်​ဦး..ဂျွန်​ ကျ​နော်​​တော့...လွမ်း​နေ​တော့မှာပဲ"

အသည်းယားစရာ​ကောင်း​အောင်​ ​ခေါင်း​လေးငုံ့ကာ လက်​နှစ်​ဖက်​ကို ပွတ်​ရင်း​ဖြေ​နေ​သော က​လေးနား ဒူး​ထောက်​ထိုင်​ချလိုက်​ကာ

"ကိုယ်​လည်းလွမ်း​နေမှာပါ..ထယ်​​ယောင်း​ ကိုယ်​သွား​တော့မယ်​"

က​လေး က​တော့ ​ခေါင်းတချက်​ငြိမ့်​ပြကာ ပြတင်း​ပေါက်​ဖက်​ကို​ငေးကြည့်​​နေသည်​။

သူ့မြင်းဂျပ်​စတင်​​ပေါ်တက်​ကာ စတင်​ထွက်​ခွာရန်​ပြင်​လိုက်​သည်​။

"အရှင်​..!"

အနှီ​ကောင်​​လေးက အိပ်​ခန်းထဲက​နေထွက်​လာကာ သူ့မြင်းနားကိုအ​ပြေးလာသည်​။

ချည်​အနီ​ရောင်​ဖြင့်​ပြုလုပ်​ထား​သော ကြိုး​လေးတစ်​ကြိုးကို သူ့လက်​တွင်​ချည်​​ပေးကာ

"အရှင်​..အန္တရာယ်​ ကင်းပါ​စေ လို့ ကျ​နော်​ဆု​တောင်း​ပေး​နေမယ်​​နော်​"

ဘေးနားတွင်​ စစ်​သူကြီးပတ်​ခ်​ တစ်​ဦးသာရှိ​သော​ကြောင့်​ ထို​ကောင်​​လေးကိုပြုံးပြလိုက်​သည်​။

_•_•_•_•_•_•_•My Lord•_•_•_•_•_•_•

ဂျုံးကု စစ်​​မြေပြင်​သို့​ရောက်​သည့်​အခါတွင်​ ​တော်​​တော်​​လေးပင်​ အ​ခြေအ​နေဆိုး​နေ​လေပြီ။

"စစ်​သူကြီးပတ်​ခ်​...လိုအပ်​ရင်​ ​နောက်​တန်းက တပ်​ကူ​ခေါ်ပါ "

"ဟုတ်​ကဲ့ အရှင်​မင်းမြတ်​"

ဂျုံးကုပါ ဓားကို ဆွဲထုတ်​ကာ စတင်​တိုက်​ခိုက်​လိုက်​သည်​။

My Lord Where stories live. Discover now