My Lord//အပိုင်း<၄>

3.6K 380 5
                                    

Zawgyi

"ထယ်​​ယောင်း..ထ​တော့ မိုးလင်း​နေပြီ"

ထို​ကောင်​​လေးရဲ့ ကိုယ်​ကိုအနည်းငယ်​လှုပ်​နှိုးလိုက်​​တော့ အနည်းငယ်​ငြီးငြူကာ မျက်​လုံး​လေး​တွေပွတ်​ပြီးထလာသည်​။

"..ဂျွန်​..အာ..ဒီ​နေ့ အရှင်​လို့ပြန်​​ခေါ်ရ​တော့မှာပဲ​နော်​ "

ကောင်​​လေးအ​ပြော​ကြောင့်​ ရင်​ဘတ်​ထဲက ဆစ်​ကနဲဖြစ်​သွား​သော်​လည်း လျစ်​လျူရှု လိုက်​သည်​။

ကိုယ်​လည်း..မင်းကိုချစ်​ပါတယ်​ က​လေး။

"မြန်​မြန်​ထ ပြန်​ကြမယ်​"

မ​နေ့ညက ဒဏ်​ရာ​တွေ​ကြောင့်​ ​တော်​​တော်​နဲ့မထနိုင်​​သော ထယ်​​ယောင်းကိုစိတ်​မရှည်​​တော့ပဲ Bridal Style​ကောက်​ချီလိုက်​သည်။

"အ..အရှင်​"

ထယ်​​ယောင်းကိုငုံ့မကြည့်​ပဲ​ပြောလိုက်​သည်​က ကိုယ့်​ဟာကိုယ်​​တောင်​ ​ပြောမိမယ်​ မထင်​ထားတဲ့စကား။

"ဂျွန်​လို့ပဲဆက်​​ခေါ်...နန်း​ဆောင်​ထဲပြန်​​ရောက်​ရင်​​တော့ အရှင်​လို့ပဲ​ခေါ်..ကိုယ်​တို့နှစ်​​ယောက်​တည်း အတူတူရှိရင်​​တော့ ဂျွန်​လို့​ခေါ်.."

ထယ်​​ယောင်းက​တော့ ဂျုံးကု ကို​မော့ကြည့်​ရင်း ပြုံးမိသည်​။

"ဂျွန်​.."

ပြော​လေ ဆိုသည့်​ပုံစံဖြင့်​ ​ခေါင်းကို​မော့ပြ​တော့

"ဘာလို့ အရမ်း​ချောတာလဲ"

ဂျုံးကု..ရင်​ထဲ အ​အေးလှိုင်းဖြတ်​သွားသလိုပင်​။

"​ပေါက်​ကရ​တွေမ​ပြောနဲ့​တော့..ကြာရင်​ ကိုယ်​တကယ်​ကို ဆွဲနမ်းမိလိမ့်​မယ်​"

ထယ်ေ​ယာင်းက​တော့ ထပ်​ပြုံးသည်​။

"​ပေါက်​ကရ​ပြောလို့ တကယ်​နမ်းမယ်​​ဆိုရင်​..​ပေါက်​ကရပဲ တသက်​လုံး​ပြောလိုက်​ချင်​တယ်​"

ဒီက​လေးဟာ​လေ...ဂျွန်​ဂျုံးကု ကို မနမ်းနမ်းချင်​​အောင်​လုပ်​​နေသည်​။

လမ်း​လျှောက်​​နေရာမှ ​ခေတ္တရပ်​လိုက်​ကာ

"ထယ်​​ယောင်း..."

My Lord Where stories live. Discover now