Zawgyi
Recall>>>
"အရှင်မင်းမြတ်..အဲ့တာ ထယ်ယောင်းလုပ်တာမဟုတ်ဘူး"
ရုတ်တရက်ဝင်လာကာ ပြောလိုက်သော အထိန်းတော်ကြီး၏ စကားကြောင့် ထယ်ယောင်းရော ဂျုံးကုရော မျက်လုံးပြူးကာလှည့်ကြည့်မိသည်။
ထိုအထိန်းတော်ကြီးကို စူးရဲသောမျက်လုံးများဖြင့်စိုက်ကြည့်နေသူက မင်ဆိုရင်း...။
"ဒါဆို..ဘယ်သူလုပ်တာလဲ!"
ဂျုံးကု ၏ အောာ်သံကြောင့် အထိန်းတော်ကြီးတုန်သွားသော်လည်း..
"သခင်မလေးက မီးဖိုချောင်ထဲကိုလာပီး ဓားနဲ့ကိုယ့်ဘာသာခြစ်နေတာကို ကျမတွေ့လိုက်တယ်"
"ဘာ.."
အံ့သြမှု ထိတ်လန့်မှုတွေနဲ့အတူ..ဒေါသများ...ဂျုံးကုသာ နဂါးဆိုရင် ဆိုရင်း ပြာကျလောက်သည့်အကြည့်ဖြင့်ကြည့်ရင်း..
"ကျန်တဲ့သူတွေအကုန်လုံးထွက်သွားကြ..ထယ်ယောင်း!မင်းမပါဘူး"
အကုန်လုံးအပြင်ထွက်သွားသည့်အချိန်တွင်တော့
"မင်ဆိုရင်း..မင်းအဖေမျက်နှာကိုထောက်ပီး ငါမင်းကို ဒီမှာဆက်ထားလိုက်မယ် ဒါပေမဲ့ ထယ်ယောင်းကို နောက်တခါထပ်ထိရင် မင်းကိုအရှင်မထားဘူး"
ထို့နောက် ဒူးထောက်နေသော ထယ်ယောင်းကိုယ်လေးကို ဆွဲထူလိုက်ကာ
"ကိုယ်တောင်းပန်ပါတယ် ထယ်ယောင်း"
"မဟုတ်တာ..အရှင် မတောင်းပန်ပါနဲ့ ကျနော်က အရှင့်ကို အမြဲခွင့်လွှတ်ပီးသားပါ အရှင်"
_________________________
"ထယ်ယောင်း.."
စင်္ကြံတွင် လမ်းလျှောက် နေသောထယ်ယောင်း အနောက်ကခေါ်သံကြောင့်လှည့်ကြည့်လိုက်တော့
"စစ်သူကြီးပတ်ခ်"
"အဆင်ပြေရဲ့လား ထယ်ယောင်း အရှင်မင်းမြတ် က အဲ့လိုပဲ"
ESTÁS LEYENDO
My Lord
FanficREST Zawgyi/Unicode Unicode မြတ်နိုးခဲ့ဖူးသော အရှင် ချစ်ရပါသော အရှင် နောင်ဘဝတွင်မက ဘဝအဆက်ဆက်တိုင်းမှာ ဆုံချင်သေးပါရဲ့။ Zawgyi မြတ်နိုးခဲ့ဖူးသော အရှင် ချစ်ရပါသော အရှင် နောင်ဘဝတွင်မက ဘဝအဆက်ဆက်တိုင်းမှာ ဆုံချင်သေးပါရဲ့။ #TaeKo...