Zawgyi
"မင်းက..ထယ်ယောင်းလား"
ခပ်ပြတ်ပြတ်ပင် ထိုင်နေသော ကောင်လေးရှိရာသို့မေးလိုက်သည်။ ပြူးကျယ်ဝိုင်းစက်သွားသော မျက်ဝန်းအစုံနဲ့ အမဲရောင်ဝတ်စုံနဲ့သူ့ကိုငေးကြည့်နေသည်။
"ဟုတ်ပါတယ်...ဘယ်သူလဲမသိဘူး"
ထိုလူ့ မျက်နှာတပိုင်းကို အမဲရောင် အပြည့်ဖြင့်ကွယ်ထားသည်။ စူးရှနေသော မျက်လုံးကတော့ လရောင်အောက်တွင် ပို၍ပင်တောက်ပနေသယောင်။
"မင်းကို တစ်စုံတစ်ယောက်က သတ်ခိုင်းလိုက်တယ်.."
"ခင်ဗျာ.."
"ငါမဟုတ်တဲ့ တခြားသူတွေက မင်းကို ဒုက္ခ ပေးနိုင်တာမလို့..သတိထားပါ...ပီးတော့ သူကလွယ်လွယ်နဲ့ အရှင်မင်းမြတ်ကို အဆုံးရှုံးခံမှာမဟုတ်ဘူး"
ပြောချင်ရာပြောပြီး ထွက်သွားသော ထိုလူ့ကျောပြင်ကိုကြည့်ရင်း ထယ်ယောင်းနားမလည်စွာပင်ကျန်ခဲ့သည်။
___________________________
ဂျုံးကု သောက်မည့် သေရည်ထဲတွင် ဆိုရင်း အမှုန့်အနည်းငယ်ကိုထည့်ထားလိုက်သည်။ တစ်နည်းအားဖြင့် စိတ်ကြွဆေးမှုန့်...။
"အရှင်...ဒါက..နောက်ဆုံးအနေနဲ့ အရှင့်ကို တိုက်ချင်လို့ပါ"
ထိုသေရည်ခွက်ကို လက်ထဲထည့်ပေးလိုက်သည်။
ဂျုံးကုကတော့ သံသယကင်းစွာပင် ထိုခွက်ကိုသောက်လိုက်သည်။ပြုံး၍ကြည့်နေသော မင်ဆိုရင်း..။သူမ၏ခေါင်းထဲတွင် မည်သို့ အကြံအစည် မျိုးရှိနေပါသနည်း။
______________________
ညဥ့်အတော်နက်ပြီဖစ်၍ အကုန်လုံးလည်း သူ့အဆောင်သူ ပြန်ကုန်ပြီဖစ်သည်။ ဂျုံးကုလည်း ထိုင်ရာမှ ထကာ အခန်းပြန်မည်အလုပ်တွင် ခန္ဓာကိုယ်ထဲမှရှိန်းတိန်းတိန်းဖြစ်လာသည်။
"အရှင်..ရရဲ့လား ကျမလိုက်ပို့ပေးပါ့မယ်"
"မလိုဘူး"
YOU ARE READING
My Lord
FanfictionREST Zawgyi/Unicode Unicode မြတ်နိုးခဲ့ဖူးသော အရှင် ချစ်ရပါသော အရှင် နောင်ဘဝတွင်မက ဘဝအဆက်ဆက်တိုင်းမှာ ဆုံချင်သေးပါရဲ့။ Zawgyi မြတ်နိုးခဲ့ဖူးသော အရှင် ချစ်ရပါသော အရှင် နောင်ဘဝတွင်မက ဘဝအဆက်ဆက်တိုင်းမှာ ဆုံချင်သေးပါရဲ့။ #TaeKo...