My Lord//အပိုင်း<၁၂>

2.5K 224 8
                                    

Unicode

"စစ်သူကြီးမင်.."

စစ်သူကြီးပတ်ခ်လည်း အရှင်မင်းမြတ် ခိုင်းထားသည့်အတိုင်း မြို့ဝင်ဝ သစ်ပင်အောက်တွင် မင်မျိုးနွယ်ဘက်မှ စစ်သူကြီးနှင့်သွားရောက်တွေ့ဆုံခဲ့သည်။

ဖြူစွတ်နေသော အသားအရည်နှင့် ထိုသူက စစ်သူကြီးပတ်ခ် ကိုကျောပေးထားရာမှ လှည့်လာသည်။

"အရှင်မင်းမြတ်လာမတွေ့လောက်ဘူးဆိုတာ ကျနော် ခန့်မှန်းမိပါတယ်...ခင်ဗျားက စစ်သူကြီးပတ်ခ် ဖြစ်မယ်ထင်တယ်"

"ဟုတ်ပါတယ်"

"ဒီဟာက မင်ပြည်နယ်မြို့စားပေးလိုက်တဲ့ တောင်းပန်လွှာပါ"

ထို စစ်သူကြီးမင်ဆိုသူ ကမ်းပေးသော တောင်းပန်လွှာကို ယူပြီးနောက် စစ်သူကြီးပတ်ခ်လည်း ပြန်လာခဲ့လိုက်သည်။

ထိုအချိန်တွင် တစ်စုံတစ်ဦး၏ရင်ထဲ၌ အပြုံးပန်းများနှင့်အတူ ချစ်မေတ္တာ ပန်းများ ပေါက်ဖွားလာသည်ကိုတော့ စစ်သူကြီးပတ်ခ် သိမည်မဟုတ်ပါ။

•••••••••••••••••••••••••••••••••••••••••••••••••

"ထယ်ယောင်း...ကိုယ်တို့ အမဲလိုက်ထွက်ကြမလား"

အရှင့်ဆီမှ ထိုစကားကြားရသည်နှင့်တပြိုင်နက် ထယ်ယောင်းပြုံးလိုက်မိသည်။ နှစ်နှစ်ခြိုက်ခြိုက် ပြုံးကာ

"ဂျွန်သာသွားမယ်လို့ပြောရင် ငရဲပြည်လည်းသွားရဲပါတယ် ဂျွန်"

"ကိုယ်က မင်းကို ငရဲပြည်တော့ မသွားခိုင်းပါဘူး....စိတ်ချပါ ဟောဒီက ဂျွန်ဂျုံးကု အသက်ရှင်နေသ၍ ထယ်ယောင်းကို ဘယ်သူမှ ဆံပင်တမွှေးတောင်မထိပါးစေရဘူး"

"အရှင်မင်းမြတ်...မြင်းတွေအသင့်ပြင်ထားပြီးပါပြီ"

အစေခဲ ၏စကားဆုံးတာနဲ့ ထယ်ယောင်းရော ဂျုံးကုပါ မြင်းထားရာနေရာသို့ ထွက်လာလိုက်သည်။

ဂျုံးကုက သူ့မြင်းဂျပ်စတင်ကိုစီးကာ ထယ်ယောင်းက စတီဗင်ကိုစီး၍ တောအုပ်ထဲသို့ထွက်ခွါ လာကြသည်။

ထိုစဥ် ယုန်တကောင်ကိုတွေ့သောအခါ အရှင်မင်းမြတ်က မြင်းပေါ်မှ ဆင်းကာ ထိုယုန်အား ချီမြှောက်လိုက်သည်။
ထယ်ယောင်းလည်း မြင်းပေါ်မှ လိုက်ဆင်းလာကာ ယုန်နှင့်ဆော့ကစားနေသော အရှင့်ကို မျက်တောင်မခတ်တမ်း ကြည့်နေလိုက်သည်။

My Lord Wo Geschichten leben. Entdecke jetzt