My Lord//အပိုင်း<၁>

6.2K 473 12
                                    

Zawgyi

_•_•_•_•_•_•_•My Lord•_•_•_•_•_•_•_

"အရှင်​မင်းမြတ်​..ဟို​ကောင်​​လေး အိပ်​​ပျော်​သွားပါပြီ"

လက်​​အောက်​ငယ်​သားတစ်​​ယောက်​ရဲ့ သတင်းပို့မှု​ကြောင့်​ ​ကောင်​​လေးအတွက်​စိတ်​​အေးသွားသည်​​။

"သူ့ ​ကျော​ပေါ်က ဒဏ်​ရာ​တွေကို​ရော ​ဆေးလိမ်း​ပေးခဲ့လား"

ဘာ​ကြောင့်​မှန်းမသိ..ထို​ကောင်​​လေးအတွက် ဂျုံးကု စိတ်​ပူမိသည်​။

"လိမ်း​ပေးခဲ့တယ်​ အရှင်"

_•_•_•_•_•_•_•My Lord•_•_•_•_•_•_•_

ထယ်​​ယောင်း နိုးလာ​တော့ ​ဘေးဘီဝဲယာ ကြည့်​ရင်း...အ​သေအချာသိလိုက်​သည်​က ဂျွန်​ တို့ နန်း​တော်​မှန်း။

ဂျွန်​...။တစ်​နည်းအားဖြင့်​ အရှင်​။
ဂင်​မျိုးနွယ်​ဖြစ်​​သော သူ့အား အရှင်​ မုန်း​နေမည်​ ဆိုတာ သူသိပါရက်​နဲ့ အရှင့်​ကိုချစ်​မိခဲ့သည်​။ မြင်​မြင်​ချင်းအချစ်​ဆိုတာမျိုးမဟုတ်​​ပေမယ့်​ အရှင့်​ကိုချစ်​ခဲ့သည်​မှာကြာခဲ့ပြီ။

အရှင်​ ဘာကြိုက်​တတ်​တယ်​ ဘာလုပ်​တတ်​တယ်​ ဘယ်​လိုမျိုးလဲ ဆိုတာက အစသိသည်​။ သို့​သော်​လည်း နာမည်​ကိုသာမသိ​ချေ။

ဂင်​မျိုးနွယ်​ရဲ့ သား ပီပီ ​တောလိုက်​တာကို ဝါသနာပါခဲ့သည်​။ဂင်​မျိုးနွယ်​သည်​ ​တောလိုက်​​တော်​၍​ကျော်​ကြားသည်​။ ​တောလိုက်​ရင်းပင်​ ကြီးပြင်းလာခဲ့သည်​ တိုက်​ရည်​ခိုက်​ရည်​တွင်​ တဖက်​ကမ်းခတ်​ မတတ်​​မြောက်​​သော်​လည်း မ​တောက်​တ​ခေါက်​​တော့ တတ်​သည်​။

ထို​တောလိုက်​ခြင်း​ကြောင့်​ပင်​ အရှင့်​ကို​တွေ့ခဲ့ခြင်းဖြစ်​သည်​။ ​တောလိုက်​ရာမှ လမ်းမှားရင်း အရှင်​တို့ နန်း​တော်​ဘက်​ကို​ရောက်​သွားသည်​။ ပြန်​လှည့်​ဖို့ လုပ်​​နေစဉ်​မှာပင်​ ယုန်​​လေးတစ်​​ကောင်​နှင့်​ ​ဆော့​နေ​သောအရှင်​ကချစ်​ဖို့​ကောင်းလွန်းသည်​။

မှတ်​မှတ်​ရရ...အလွန်​ အရယ်​အပြုံးနည်း​သော အရှင့်​ ရယ်​သံနှင့်​ ပြုံး​နေ​သော မျက်​နှာ​လေးကို​တွေ့ခဲ့ရသည်​။ ​နောက်​ရက်​​တွေမှာ​တော့ အရှင်​ ကအရင်​လိုရယ်​မ​နေခဲ့ပါ။ သူ့ လူ​တွေ​ရှေ့မှာဆိုလည်း မျက်​နှာထားကို တင်းထားသည်​။

My Lord Opowieści tętniące życiem. Odkryj je teraz