Unicode❤
မနက်၇နာရီခွဲခန့်
Chanyeolတစ်ယောက်Baekhyunတို့အိမ်ရောက်လာသည်။
Baekhyunရဲ့အင်း....အသိပဲထားပါတော့လေ...အသိမှန်းသိနေသည့်အတွက်Bellတီးလိုက်သည်နှင့်အဘွားကတံခါးတန်းဖွင့်ပေးသည်။
"စောလှချည်လားသားလေး"
"ဟုတ်...နေအေးတုန်းသွားချင်လို့အဘွားရဲ့"
"ငရုပ်...အဲလေBaekhyunကောနိုးပြီလား"
"အင်း...နိုးပြီ
ခုနကတောင်ထွက်လာသေးတယ်
မနက်ကလည်းAlarmတွေပေးထားတာများသားရယ်...ဆူညံနေတာပဲ"အဘွားရဲ့ငြီးသံစွက်နေသောစကားများကြောင့်Chanyeolရယ်မိသည်။
သူရေခဲရေနဲ့လောင်းမယ်ပြောလိုက်လို့အစောကြီးထတယ်ထင်ပါရဲ့"သွား...သားလေးဧည့်ခန်းထဲမှာထိုင်စောင့်လေ"
"ရတယ်အဘွား...ကျွန်တော်Baekhyunအခန်းထဲသွားမလို့"
ဒေါက်...ဒေါက်...ဒေါက်
ငရုပ်သီးလေး!
ပြန်မဖြေသည့်အတွက်Chanyeolဒီတိုင်းဝင်သွားလိုက်သည်။
အခန်းထဲကိုရောက်တော့Baekhyunကိုမတွေ့ရ...သို့သော်စာရေးခုံပေါ်တွင်ဖွင့်လျက်တိုင်းရှိနေသောပုံဆွဲစာအုပ်ကChanyeol၏အာရုံကိုဆွဲယူသွားသည်။
စာအုပ်ထဲတွင်တော့ရှေးခေတ်ကိုယ်ရံတော်ဝတ်စုံနှင့်လူတစ်ယောက်နှင့်ဆွေကြီးမျိုးကြီးထဲမှဖြစ်ဟန်တူသောကောင်လေးတစ်ယောက်တို့၏ပုံပေါင်းများစွာကနေရာယူထားသည်။နောက်ဆုံးစာမျက်နှာတွင်တော့မျက်နှာချင်းနီးကပ်နေပြီးဓားချင်းယှက်ထားသောလူနှစ်ဦး...သို့သော်ကိုယ်ရံတော်ဟုယူဆရသောလူ၏မြတ်နိုးမှုများစွာပါဝင်သောအကြည့်နှင့်သူ့ကိုပြန်မော့ကြည့်နေသောသခင်လေး၏နူးညံ့သောအပြုံးကိုChanyeolပင်ခံစားမိနေသည်။
ငရုပ်သီးကပုံဆွဲတတ်သား...အေပေါ့လေလက်ဝတ်ရတနာဒီဇိုင်နာတစ်ဦးကပုံတော့ကောင်းကောင်းဆွဲတတ်မှာပေါ့